Sweet Corn Sago Pudding
ရိုးရိုးလေးနဲ့ထူးကဲတဲ့အရသာအုန်းနို့သာကူပြောင်းဖူးတို့ကိုရောစပ်ထားတဲ့အချိုပွဲလေးဖြစ်ပါတယ်။အာဟာရလည်းဖြစ်ပြီးကလေးလူကြီးနှစ်သက်ကြမဲ့အချိုပွဲလေးဖြစ်မှာပါ။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
သာကူစေ့ - ၁၀၀ ဂရမ်
ရေ - တစ်လီတာ( ပြုတ်ရန် )
အုန်းနို့ နဲ့ ရေအရော(ဆတူ) - ၈၀၀ ml
သကြား - ၃၀၀ ဂရမ်
ပြောင်းဖူးစေ့ - ၃၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာသာကူပြုတ်ရန်ရေတစ်လီတာကိုဆူပွက်အောင်တည်ပါ။
(၂)ရေဆူပွက်ပါကသာကူစေ့ကိုရေဆေးပြီး၅မိနစ်ထည့်ပြုတ်ပါ။
(၃)၅မိနစ်ပြည့်ပါကမီးပိတ်ပြီး၅မိနစ်ခန့်အဖုံးအုပ်ထားပါ။
(၄)ပြီးလျှင်ဇကာတခုဖြင့်စစ်ချပြီးရေအေးလောင်းထားပါ။
(ဒုတိယအကြိမ်ကျိုရန်သာကူအတွင်းအဆံဖြူအနည်းငယ်ချန်ထားပါတယ်)
(၅)အိုးတခုဖြင့်အုန်းနို့သကြားနှင့်ပြောင်းဖူးစေ့ကိုထည့်ကျိုပါ။(ပြောင်းဖူးready madeမဟုတ်ပါကပြုတ်ပြီးချွေထားပါ။)
(၆)အုန်းနို့ဆူပွက်ပါကရေစစ်ထားသောသာကူစေ့များကို ထည့်ပြီးသမအောင်မွေပေးကာပြန်လည်ဆူပွက်ပါကမီးပိတ်ပြီးအအေးခံကာခွက်သို့မဟုတ်ဘူးလေးများဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်အအေးခံကာသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment