မုန်ညင်းစောလုပ်တဲ့မုန်ညင်းကတော့အပင်ထွားထွား၊ရိုးတံရှည်ရှည်တုတ်တုတ်၊အဖူးအညွှန့်ဝေဝေနဲ့ပါ။ခုချက်ထားတာကတော့မုန်ညင်းအဖူးနုနုလေးတွေနဲ့ချက်ထားတာပါ။နုတဲ့အတွက်သိပ်အကြာကြီးတည်ထားစရာမလိုဘူးပေါ့။ရှမ်းပြည်အလွမ်းပြေလေးပါ။
လိုအပ်သောပစ္စည်းများ
************
မုန်ညင်း -အထုံးကြီးကြီး တစ်စည်း
ခရမ်းချဉ်သီး - ၃လုံး
ဆား -လိုသလောက်
ကြံသကာ - ၅ကျပ်သား
မန်ကျည့်မှည့် သို့ ချဉ်ဆော်ခါးသီးခြောက် - လက်တစ်ဆုပ်
ဂျင်း - နုတ်နုတ်စင်း
ငရုပ်သီးစိမ်း - နုတ်နုတ်စင်း
နံနံပင် - လိုသလောက် သေးသေးစိတ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မုန်ညင်းကိုရေဆေးသန့်စင်လှီးဖြတ်ပြီးခပ်ကြီးကြီးဖြတ်ပါ။ အရိုးပါထည့်ပါ ။
(၂)ခရမ်းချဉ်သီး ကိုလည်းခပ်ကြီးကြီးလှီးပြီး ရေ နှင့် ဆားထည့်ကာပြုတ်ထားပါ။မုန်ညင်းနူးလာပါကကြံသကာနှင့် မန်ကျည်းမှည့် (သို့)ချဉ်ဆော်ခါးသီးထည့်ပြီး ဆူပွက်အောင်တည်ပြီးမီးပိတ် ထားပါ။ အရသာချိုချဉ်ပါ။
(၃)ဂျင်းနှင့်ငရုပ်သီးကိုနုတ်နုတ်စိပ်ထားပါ။နံနံပင်လှီးဖြတ်ထားပါ ။
(၄)မုန်ညင်းစောပူပူတွင်ဂျင်း၊ငရုပ်စိမ်းနံနံပင်ထည့်ကာအလွန်သင်းပျံ့သောမုန်ညင်းစောကိုသုံးဆောင်နိုင်ပါပြီ။ဆီလွတ်၊သက်သက်လွတ်ပါ။ရှမ်းပဲပုတ်ထောင်းနဲ့လိုက်ဖက်တဲ့သက်သက်လွတ်ဟင်းအတွဲလေးဖြစ်ပါတယ်။နှစ်သက်ရာအသားနဲ့ပြုတ်ပြီးလည်းချက်နိုင်ပါ တယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
18 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment