7 June 2015

Sandwich Roll

Sandwich Roll
ဦးစွာပေါင်မုန့်ကိုဘေးသားများလှီးထုတ်ပြီး လိမ့်တုန်းဖြင့်ပြားအောင်လိမ့်ပြီးပန်းကန်တွင်ထည့်ထားပါ။ မိမိထည့်မည့်အစာများကို အဆင်သင့်ပြင်ဆင်ပါ။ခရမ်းချဉ်သီး၊သခွားသီးပါးပါးလှီး၊ ဆလပ်ရွက်၊ချိစ်၊၊ Strawberry Jam၊ Peanut Butter ၊Base ကို မရောနစ်၊sour cream ၊ Butter နှစ်သက်ရာ သုံးနိုင်ပါတယ်။လိမ့်ထားသောပေါင်မုန့် ပေါ်တွင် နှစ်သက်ရာ sauce သုတ်ပြီး အပေါ်မှခရမ်းချဉ်သီး၊ ချိစ်ထည့်ပြီး ကျစ်နေအောင်လိပ်ပေးပါ။ အခြားအချို sandwich လုပ်လိုပါက peanut butter ၊ Strawberry jam နှစ်သက်ရာ ယို သုတ်ပြီး လိပ်ပေးပါ ။ ပါဝင်ပစ္စည်းများပုံသေမထားရှိဘဲ မိမိစိတ်ကူးအတိုင်းဖန်တီးနိုင်ပါတယိ။ လိပ်ပြီးသားအလိပ်များကို သေချာကျစ်လစ်စေရန် ရေခဲသေတ္တာတွင် ပလပ်စတစ်ပတ်ပြီး နာရီဝက်ထားကာ လှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။
မှတ်ချက်။
သတ်သတ်လွတ်သမားများအတွက် သီးနှံကို butter သို့ sour cream တို့ဖြင့် ပြုလုပ်တည်ခင်းပေးနိုင်ပါတယ်

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...