မနက်ခင်းBreakfast အတွက် ပေါင်မုန့်ကြက်ဥကို ပုံစံတမျိုးနဲ့ လုပ်စားချင်တဲ့သူများအတွက်ပါ
လိုအပ်သောပစ္စည်း နှစ်ပွဲစာ
ပေါင်မုန့် ၄ ချပ်
ကြက်ဥ လေးလုံး
ဟမ်(အသားပြား) ၄ချပ်
ချိစ် ၄ချပ်
ထောပတ်အနည်းငယ်
ပထမ ပေါင်မုန့်လေးချပ်ကို အလယ်ကနေ လေးထောင်ကွက် ဖောက်လိုက်ပါ အိုးတခုကို အပူ ပေးပြီး ထောပတ် အနည်းငယ်ထည့်ပါ ပူလျှင် လေးထောင့် ပေါင်မုန့် အကွက်ကို အိုးလယ်တွင်ထားပါ။ မီးလျော့ထားပါ ။အလယ် အကွက်ထည်း သို့ ကြက်ဥတလုံးဖောက်ထည့်ပါ ၊ ကြက်ဥ အပေါ်မှ ကြက်သားပြား၊ ကြက်သားပြားပေါ်မှ ချိစ်ပြားတင်ပါ ။ ချိစ်အပေါ်မှ ဖယ်ထုတ်ထားသောပေါင်မုန့်ကို အုပ်ပြီး သူ့နေရာ ကျအောင်ထည့်ပြီး သာသာလေးဖိပေးပါ ။ တဖက်မှ ကြက်ဥ အတော်တန် ကျက်ပါကယောက်မ အပြားလေးဖြင့်တဖက်သို့ သာသာလှန်ပေးကာ ပေါင်မုန့်နှင့်ချိစ်ကပ်ပြီး အရောင် အနည်းငယ်ရပါက ဆယ်ယူ လှီးဖြတ်ပြီး ငရုပ်ကောင်းမုန့်ဖြူးကာ သုံးဆောင်နိုင်ပါပြီ ။
လှီးဖြတ်လိုက်ပါက အတွင်းမှ ကြက်ဥ မှာ တဝက်ကျက်အနေ ဖြစ်ပါတယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment