24 June 2015

ပုဇွန်သာကူပေါင်း

Sago Dumpling
သာကူပေါင်းကိုနေ၇ာဒေသအလိုက်ပုံစံမျိုးစုံလုပ်စားလေ့ရှိပါတယ်။အတွင်းမှအစာသွပ်ကိုအချိုနှင့်အသား၊ပုဇွန်စသဖြင့်အသုံးပြုကြပါတယ်။ Chinese Dimsumများတွင်လည်းထည့်ပေးလေ့ရှိ ပါ တယ်။အေ၇ာင်ကြည်ကြည်လေးနှင့်အတွင်းမှပန်းေ၇ာင်လေးရှိ၇န်ပုဇွန်ကိုထည့်သွင်းအစာသွပ်ထားပါတယ်။
ပါဝင်ပစ္စည်း
*******
သာကူစေ့ - ၁၀၀ ဂ၇မ်
Tapioca flour - ၂ဇွန်း စားပွဲတင် (ပလောပီနံမှုန့်)
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပုဇွန် သို့ နှစ်သက်၇ာအသား - တစ်ပန်းကန်
ငှက်ပျောဖက် - ခင်း၇န်
နံနံပင် အလှဆင်ရန်
င၇ုပ်သီးဆီချက် ပဲငံပြာရည် တွဲဖက်စားရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)သာကူစေ့ကိုလေးနာ၇ီခန့်ေ၇စိမ်ထားပြီးေ၇စစ်ထားပါ။
(၂)ဇလုံတခုတွင်ထည့်ပြီးဆား၊ဟင်းခပ်မှုန့်၊ပလောပီနံမှုန့်တို့ကိုထည့်ပြီးသမအောင်မွေထားပါ။
(၃)ပုဇွန်ကိုသုံးလိုပါကအခွံခွာေ၇ဆေးပြီးဆား၊ဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။ကြက်သားကိုသုံးလိုပါကနုတ်နုတ်စင်းကာအ၇သာထည့်ပြီးကြော်ထားပါ။
(၄)ပေါင်းအိုးတွင်ေ၇အဆင်သင့်တည်ထားပါ။ငှက်ပျောဖတ်ကိုဆီလူးထားပါ။
(၅)အားလုံးအဆင်သင့်ဖြစ်ပါကသာကူကိုလက်တဆုပ်စာယူပြီးအလယ်တွင်အချိုင့်ပြုလုပ်ကာနှစ်သက်၇ာအစာထည့်ပါ။အစာသွပ်စဉ်ဆီစိမ်စက္ကူသို့မဟုတ်ပလပ်စတစ်ကိုခံပြီးပြုလုပ်ပါကပိုမိုလွယ်ကူစွာလိုသလိုပုံလုပ်ယူနိုင်မှာဖြစ်ပါတယ်။
(၆)အစာသွပ်ပြီးသောသာကူများကိုဆီလူးထားသောငှက်ပျောဖက်တွင်ခင်းပြီးေ၇နွေးပေါင်းအိုးတွင်ဆယ်မိနစ်ခန့်ပေါင်းကာ သာကူ အတွင်းသားအဆံဖြူလေးများပျောက်ပါကပေါင်းအိုးမှချကာခေတ္တအအေးခံပြီးင၇ုပ်သီးနံနံပင်တို့ဖြင့်အလှဆင်ကာငရုပ်သီးဆီချက်ပဲငံပြာရည်ဆော့စ်ဖြင့်(သို့)နှစ်သက်၇ာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...