မြန်မာအစားအစာတခုဖြစ်တဲ့ဂျုံကျိုကိုလူတိုင်းစားဖူးကြမယ်ထင်ပါတယ် အထူးသဖြင့်ငယ်ဘဝမှာကြာမကြာစားခဲ့ရဖူးတယ်။ခုလည်းငယ်ဘဝသတိရလို့ကျိုစားဖြစ်တယ်။ကိုယ်ကျိုတော့မှမလေးရှားတရုပ်လူမျိုးနဲ့ စင်္ကာပူက မလေးလူမျိုးတွေက"ဟယ်ဂျုံကျိုလားအရမ်းကြိုက်တာအရမ်းစားကောင်းတာ"တဲ့လေ အော်အဲ့တော့မှကိုယ်တွေဘဲငယ်ငယ်ကစားခဲ့ရတယ်ထင်တာပေါ့နော် ။ခုတော့သူများနိုင်ငံတွေမှာလည်းကလေးတွေကို ကျိုကျွေးကြတယ်ဆိုတာသိရတာပေါ့နော် :)
ဂျုံကျိုကျိုနည်းကမခပ်ပါဘူး ဂျုံစေ့ကိုရေဆေးပြီး ရေတော်တော်များများထည့်ပြီးပြုတ်ထားပါတယ်(ကောက်ညင်းဆန်လက်တစ်ဆုပ်ခန့်ရောပြုတ်ပေးပါ) ကျွန်မတော့ထမင်းပေါင်းအိုးနဲ့ဘဲအဖုံးသာသာဟပြီးတည်ထားလိုက်တယ် ရေခမ်းလာရင် မကြာမကြာရေထပ်ထည့်ပေးတယ်။ဒါကြောင့်ရေအချိုးတော့မပြောတော့ဘူးနော် ။တော်တော်ကြာတော့ပြုတ်ရပါတယ် ၃နာရီလောက်ပြုတ်ထားပြီးမကြာကြာမွေပေးပါ ။ နူးအိလာပါကထန်းလျက်ကိုအရည်ကျိုပြီးစစ်ထည့်လိုက်ပါတယ်။နူးအိလာပါကမိမိလိုချင်သောအပျစ်အကျဲကိုရေရောပြီးပွက်လာပါကအုန်းသီးဆံ၊အုန်းနို့တို့ဖြင့်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
7 June 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment