5 June 2015

ငါးခေါက်ဆွဲ


Home Made Fish Noodle

ငါးခေါက်ဆွဲလေးကငါးအသားနဲ့ခေါက်ဆွဲဖတ်ဖြစ်အောင်လုပ်ထားတာလေးပါ။လုပ်ရလွယ်ကူပြီးအိမ်သားတွေအတွက်မနက်စာလေးကိုဆန်းဆန်းပြားပြားလေးလုပ်ကျွေးရအောင်နော်။ငါးခေါက်ဆွဲမုန့်နှစ်လေးကိုကြိုတင်လုပ်ပြီးရေခဲသေတ္တာမှာထည့်ထားပြီးမနက်ကိုရေဆူတည်ပြီးညစ်ချပေးရုံနဲ့မနက်စာအတွက်၁၅မိနစ်အတွင်းလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ခေါက်ဆွဲပွဲလေးရမှာဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော်။
ခေါက်ဆွဲဖတ်အတွက်ပါဝင်ပစ္စည်း
******************
ငါးအသား - ၃၀၀ ဂရမ် (၂၀ကျပ်သား) ၃ပွဲစာ
ဂျုံမှုန့် - ၄၀ဂရမ် (၃ဇွန်းခန့်)
ကော်မှုန့် - ၄၀ဂရမ်
ရေ - ၁၀၀ ml အခါးပန်းကန်းတလုံးခန့်
ဆား - ၁/၄ လ္ဘက်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီမွေး - တစ်ဇွန်း
ကြက်ဥအကာ - တဝက်
ဟင်းချိုပြုလုပ်ရန်လိုအပ်သောပစ္စည်း
*******************
ငါးခေါက်ဆွဲပြုလုပ်ရန်အသင့်ဖြစ်ပါကဟင်းချိုအိုးအရင်ပြင်ဆင်ထားပါ။
ကြက်ပြုတ်ရည်
ပဲငံပြာရည်အကြည်
ခရုဆီ
နှမ်းဆီမွေး
သကြား
ဟင်းခပ်မှုန့်
ကြက်သား သို့ ပုဇွန်
မုန်လာဥနီ ၊မှို၊ရွှေပဲသီး နှင့် နှစ်သက်ရာမုန်ညင်းသို့ ပဲရွက်
ကြက်ပြုတ်ရည်တည်ပြီးအရသာဖြည်စွက်ထားပါ။သားငါးသီးနှံများအဆင်သင့်လှီးဖြတ်ထားပါ။

ငါးမုန့်ဖတ်ခေါက်ဆွဲပြုလုပ်နည်း
****************
(၁)ငါးအသားကိုကြိတ်ပါ။မြန်မာပြည်မှာတော့ငါးဖယ်ခြစ်ရပါတယ်။အရိုးမပါတာရှာဝယ်ပါ။တချို့ငါးအသားများတွင်ဆားထည့်ထားတတ်သဖြင့်အရင်မြည်းကြည့်သင့်ပါတယ်။ ဆားပါပြီးသားဆိုဆားထပ်မထည့်ပါနဲ့။
(၂)ဦးစွာဇလုံတခုတွင်ဂျုံမှုန့်နှင့်ကော်မှုန့်ကိုရေထည့်ပြီးဖျော်ပါ။
(၃)ပြီးလျှင်ငါးအသားထည့်ပါအရသာဖြည့်စွက်ပြီးနာနာနယ်ပေးပါ။
(၄)စေးပိုင်လာပါကကြက်ဥအကာထည့်ပြီးဆက်နှယ်ပေးပါ။
(၅)မုန့်သားညက်လာပါကပလပ်စတစ်အိတ်တခုတွင်ထည့်ပါ။အပေါ်မှသေချာချည်ထား ပါ။ (၆)ပြီးလျှင်ခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ပါ။
(၇)ရေဆူပါကငါးမုန့်နှစ်ထည့်ထားသောအိတ်၏ထောင့်ချွန်းကိုကပ်ကြေးဖြင့်သေးသေးညပ်ပြီးရေနွေးဆူဆူထည်းသို့ညစ်ချပေးပါ။များလျှင်နှစ်ခါခွဲပြုတ်ပါ။
(၈)ရေပေါ်ပေါ်လာသောငါးခေါက်ဆွဲဖတ်လေးများကိုဆယ်ယူပြီးတည်ခင်းမည့်ပန်းကန်တွင်ထည့်ပါ။
(၉)အသင့်တည်ထားသောဟင်းရည်အိုးသို့မိမိနှစ်သက်ရာအသားပုဇွန်တို့ကိုထည့်သီးရွက်တို့ကိုဆူနေသောဟင်းရည်အိုးတွင်ထည့်ပြီးတည်ခင်းမည့်ငါးခေါက်ဆွဲပန်းကန်သို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...