1 June 2015

ယိုးဒယားကြာဇံ​ကြော်

Fried Vermicelli Thai Style
ပါဝင်ပစ္စည်း
******
ပဲကြာဇံ - တစ်ပွဲစာ (လက်တဆုပ်)
ကြက်သွန်နီ - တစ်လုံး
ဘဲဥ - တစ်လုံး
ကြက်သား သို့ ပုဇွန် - ၅၀ ဂရမ်
ကြက်သွန်မိတ် - နှစ်ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ပဲငံပြာရည် အနောက် - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ
**********
(၁)ဦးစွာပဲကြာဇံကိုရေစိမ်ထားပါ။ (၂)ကြက်သွန်နီကိုခပ်ကြီးကြီးအမြောင်းတုံးထားပါ။
(၃)ကြက်သွန်မိတ်ကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၄)ကြက်သားသို့ပုဇွန်ကိုလိုသလိုလှီးဖြတ်ထားပါ။
(၅)ဘဲဥကိုခေါက်ထားပါ။မရှိကကြက်ဥကိုအစားထိုးသုံးလို့ရပါတယ်။ဘဲဥနဲ့ဆိုအရောင်အရသာပိုကောင်းပါတယ်။
(၆)ပဲကြာဇံပျော့လာပါကဆယ်ယူရေစစ်ထားပါ။
(၇)ဒယ်အိုးကိုအပူပေးပြီးဆီထည့်အပူပေးပါ။
(၈)ပူလာပါကကြက်သားသို့ပုဇွန်ကိုချကြော်ပါ။ကြက်သွန်ထည့်ပါ။မီးပြင်းဖြင့်ကြော်ပါ။
(၉)ပြီးလျှင်ဘဲဥခေါက်ထားသည်ကိုထည့်ပါ။
(၁၀)ကျက်ပါကပဲကြာဇံချပြီးလိုအပ်သောအရသာများဖြည့်စွက်ပါ။
(၁၁)ရေအနည်းငယ်ထည့်ပြီးကြာဇံပျော့အောင်ခဏထားပါ။
(၁၂)ကြာဇံပျော့ပါကအရသာအပေါ့အငံမြည်းကာငရုပ်ကောင်း၊ကြက်သွန်မိတ်ထည့်ပြီးမီးဖိုမှချကာငရုပ်သီးငံပြာရည်စိမ်ထားသောဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...