7 June 2015

ငှက်ပျောသီးဆနွင်းမကင်း

 မြန်မာ့ရိုးရာအစားစာထည်းကတခုဖြစ်တဲ့ငှက်ပျောသီးဆနွင်းမကင်းကိုမြင်နေကြကတော့အနီရောင်လေးဖြစ်ပါတယ်။ခုလုပ်ထားတာကရခိုင်ငှက်ပျောသီးအစားသီးမွေးငှက်ပျောသီးကိုအရောင်မထည့်ဘဲသဘာဝအရောင်အတိုင်းလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
သီးမွေးငှက်ပျောသီး - နွှာပြီးသား ၇၀၀ ဂရမ် (ရှစ်လုံးခန့်)
ဂျုံမှုန့် - ၇၀ ဂရမ်
ရွှေကြည်မှုန့် - ၅၀ ဂရမ်
သကြား - ၈၀ဂရမ်
ထောပတ် - ၇၀ ဂရမ်
သစ်သီးခြောက်အရော - ၆၀ ဂရမ် (စပျစ်ခြောက်)
အုန်းနို့ခရင်မ် - ၂၀၀ ml ဘူးသေးတစ်ဘူး
ဆား - လ္ဘက်ဇွန်း တဝက်
ဘိန်းစေ့ - တစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပထမဇလုံတခုတွင်ငှက်ပျောသီးမှည့်ကိုအာလူးချေတံဖြင့်ချေပေးပါ။မရှိကဇွန်းဖြင့်ဖိချေပါ။
(၂)အားလုံးကြေပါကကျန်ပါဝင်ပစ္စည်းများအားလုံးကို(ဘိန်းစေ့မှအပ)တခုဆီထည့်ပြီးမွေပေးပါ။ဂျုံလုံးများမဖြစ်စေရန်သေချာမွေပေးပါ။
(၃)ပြီးလျှင်မုန့်ဖုတ်မည့်ဘမ်းတွင်ဆီလူးပြီးဖျော်ထားသောမုန့်နှစ်ရည်ကိုလောင်းထည့်ပါ။
(၄)မျက်နှာပြင်ညီအောင်လုပ်ပြီးအပေါ်မှဘိန်းစေ့ဖြူးကာအပေါ်မီးများများအောက်မီးနည်းနည်းဖြင့်ဖုတ်ပါOvenအပူချိန်အပေါ်၂၂၀ဒီဂရီအောက်၁၂၀ဒီကရီဖြင့်၄၅မိနစ်ခန့်ဖုတ်ပါ။
(၅)၁၅မိနစ်တခါလှည့်ပေးပါမုန့်မျက်နှာပြင်အရောင်ရလျှင်မုန့်ဘမ်းအလယ်ကိုတုတ်သေးသေးဖြင့်ထိုးကြည့်၍မုန်သားကျက်မကျက်စစ်ကြည့်ပြီးမုန့်သားကျက်ပါကထုတ်ယူအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...