Mango Pudding with Sticky Rice ယိုးဒယားအချိုပွဲတမျိုးဖြစ်တဲ့သရက်သီးနဲ့ကောက်ညင်းကိုပုံစံတမျိုးပြောင်းလုပ်ထားတာလေးပါ။သရက်သီးကောက်ညင်းကို ထိုင်းစားသောက်ဆိုင်ကြီးများမှာ အချိုပွဲအဖြစ်ေ၇ာင်းလေ့ရှိပါတယ်။သ၇က်သီးနဲ့ကောက်ညင်းရဲ့လိုက်ဖက်တဲ့အနံ့အရသာလေးမို့နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
******
သရက်သီးပူတင်းအတွက်**
သ၇က်သီးမှည့် - တစ်လုံး
အုန်းနို့ - ၂၀၀ ml
နွားနို့ - ၂၀၀ml
ကျောက်ကျောမှုန့် - ၆ ဂရမ်
သကြား -၄၀ ဂရမ်
ကောက်ညင်းအတွက် **
ကောက်ညင်းဆန် - ဆန်ချိန်ခွက် ၂ခွက်
အုန်းနိ့ - တစ်ခွက်
သကြား - ၄၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ထားပါ။ေ၇စိမ်ပြီးသားကောက်ညင်းကိုပေါင်းအိုးတွင်ရေခံပြီးပေါင်းပါ။
(၂)ကောက်ညင်းကျက်ပါကအိုးတခုတွင်သကြားနှင့်အုန်းနို့ထည့်ပြီးသကြားပျော်အောင်မွေပေးပါ။
(၃)ချက်ပြီးသားကောက်ညင်းကိုထည့်ပြီးမီးဖိုပေါ်တွင်အပူပေးကာအုန်းနို့ခမ်းသွားသည်ထိမွေပေးပါ။
(၄)အုန်းနို့ခမ်းပြီးစေးပျစ်လာပါကဆီလူးထားသောဘမ်းတွင်ဖိထည့်ပေးပြီးမျက်နှာပြင်ညီအောက်ပြုလုပ်ထားပါ။
(၅)ကောက်ညင်းအလွှာအအေးခံထားစဉ်သရက်သီးပူတင်းအတွက်ပြင်ဆင်ပါ။သရက်သီးကိုအသားထွင်ပြီးကြေအောင်ကြိတ်ထားပါ။
(၆)အိုးသေးသေးတခုတွင်အုန်းနို့၊သကြား၊နွားနို့တို့ကိုထည့်ပြီးအပူပေးပါ။သကြားပျော်ပါကကျောက်ကျောမှုန့်ထည့်ပြီးပျော်အောင်မွေပေးပါ။
(၇) ပျော်သွားပါကမီးဖိုမျချကာကြိတ်ထားသောသရက်သီးထည့်ပြီးသမအောင်မွေပေးကာအအေးခံထားသောကောက်ညင်းပေါ်မှလောင်းထည့်ပါ။ အေးသွားပါကလိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment