5 June 2015

မုန်ညင်းချဉ်



မုန်ညင်းချဉ်ပြုလုပ်လုပ်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွဲကြပေမဲ့အခြေခံအားဖြင့်တူညီကြပါတယ်။နှစ်ရှည်ထားမယ်ဆိုပိုမိုခြောက်သွေ့ဖို့လိုအပ်ပါတယ်။ဒီနည်းလေးကအရက်မပါဘဲမုန်ညင်းချဉ်လုပ်တဲ့နည်းဘဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
မုန်ညင်း - ၅၀၀ ဂရမ်
မုန်လာဥနီ - တစ်တောင့်
မုန်လာဥဖြူ - တစ်တောင့်
ဂျူးမြစ် - လက်တစ်ဆုပ်
မုန်လာပန်း ၊ပဲသီးနှင့်ကြွက်နား၇ွက်မှိုတို့ကိုထည့်လိုကထည့်နိုင်ပါတယ်။
တ၇ုပ်မဆလာ - စားပွဲတင်တစ်ဇွန်း
ကြံသကာရည် - ၃ဇွန်း
ဆား - တစ်ဇွန်း
င၇ုပ်သီးအကြမ်းမှုန့်. - ၂ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မုန်ညင်းကိုအပင်လိုက်ေ၇ဆေးသန့်စင်ပြီးနေလှန်းပါ။နွမ်းသွားပါကလိုသလိုလှီးဖြတ်ထားပါ။ ဂျူးမြစ်ကိုလည်းသန့်စင်ထားပါ။
(၂)မုန်လာဥ နီ ၊ဖြူ တို့ကိုလှီးဖြတ်ပြီးဆားအနည်းငယ်ဖြင့်နယ်ပြီးနေပြထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုထားပါ။ ခုချဉ်ခုစားသုံးမည်ဆိုပါကကြံသကာကိုပါးပါးစိတ်ပြီးထည့်နိုင်ပါတယ်။
(၄)တရုပ်မဆလာအတွက်စမုံစပါး၊ဟွားကျောက်၊ပါကော၊နံနံစေ့တို့ကိုလှော်ပြီးကြိတ်ထားပါ။ကြိတ်ပြီးသားလည်းသုံးနိုင်ပါတယ်။င၇ုပ်သီးအခြောက်အပွတောင့်ကိုကြိတ်ထားပါ
(၅)အားလုံးအဆင်သင့်ဖြစ်ပါကဇလုံတခုတွင်ထည့်ပြီးဆား၊တ၇ုပ်မဆလာ၊ကြံသကာ၇ည်၊င၇ုပ်သီးမှုန့်တို့ကိုထည့်ပြီးနာနာနယ်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးပုလင်းထည်းတွင်သိပ်ထည့်ပြီးအဖုံးလုံအောင်ပိတ်ကာတပတ်ဆယ်၇က်ခန့်ထားပါကမုန်ညင်းချဉ်စားရန်အသင့်ဖြစ်ပါပြီ။
**ခြောက်သွေ့မှုနည်းပါကအမြန်ချဉ်နိုင်ပါတယ်။လချည်ထားရန်အတွက်ဆီကင်းပြီးခြောက်သွေ့ကာေ၇ပါဝင်မှုအနည်းဆုံးဖြစ်၇ပါမယ်။ပုလင်းတွင်ထည့်ပါကကျစ်လစ်သိပ်သည်းနေ၇ပါမယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...