7 June 2015

Almond Pavlova Roll

Almond Pavlova Roll
ပါဝင်ပစ္စည်း
ကြက်ဥအကာ ၄လုံး
သကြား ၁ ခွက်
ကြက်ဥအကာကို အမြုတ်ထအောင်ရိုက်ပြီး သကြားကို ဖြေးဖြေးချင်းလောင်းထည့်ကာ မာလာသည်ထိ ဆယ်မိနစ်ခန့်ရိုက်ရပါတယ်
cream of tartar 1tsp သို့ lemon သုံးလို့လည်း ရပါတယ် မာလာတဲ့ ကြက်ဥအမြုတ်ကို ဘမ်းတွင်baking paper ခင်းပြီး ပုံမှာ ပြထားတဲ့အတိုင်းခင်း ထည့်ပါ အပေါ်မှ Almond Flake ကိုဖြူးပြီး
oven ကို ၁၈၀ဒီကရီ ပေးထားပြီး ၁၀မိနစ်ခန့်ထည့်ဖုတ်ပါ ကိုင်လို့ရတဲ့အနေထားတွင် ထုတ်ယူပြီး အခြားbaking paper တရွက်ပေါ်တွင် cinnamon မှုန့်ဖြူးပြီး ဖုတ်ထားသောpavlova ကို ခင်းထားသောစက္ကူပေါ်တွင် မှောက်ပြီး စက္ကူခွာ အအေးခံထားပါ
Filling လုပ်ပါ့မယ်
whipping cream 200gm
Sugar 20gm ကို ပျစ်အောင်မွေပြီး
stawberry 100gm သေးသေးစိပ်ကာရောမွေထားပါ
အအေးခံထားသော pavlova အေးလျှင် အပေါ်မှ cream သုတ်ပြီး ဆူရှီ လိပ်နည်းအတိုင်း လိပ်ယူပြီးအအေးခံကာ လှီးဖြတ်သုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...