31 May 2015

ချောကလတ်ကိတ်



Molten Chocolate Lava Cake
ပါဝင်ပစ္စည်း
******
ချောကလတ် - ၄၅ ဂရမ်
ထောပတ် - ၅၀ဂရမ်
ကြက်ဥ - တစ်လုံး
ကြက်ဥအနှစ် - တစ်လုံး
သကြား - ၂၀ ဂရမ်
ဂျုံ - ၁၇ ဂရမ်
ပြုလုပ်နည်း
******
(၁)ချောကလတ်နဲ့ Butter ကိုအပူပေးပြီးရောမွေထားပါ။
(၂)ကြက်ဥကိုသကြားနဲ့ရောမွေပါ။
(၃)သကြားပျော်လျှင်ချောကလတ်အရောနဲ့ရောမွေပါ။ (၄)ပြီးလျှင်ဂျုံမှုန့်ထည့်ကာနှံ့ရုံမွေပေးပြီးထောပတ်သုတ်ထားသောခွက်တွင်ထည့်ပြီးအပူချိန်၂၀၀ံဆင်တီဂရိတ်ဖြင့်၈မိနစ်လောက်ဖုတ်ပြီးအပေါ်မျက်နှာပြင်ပိုင်းခြောက်ပြီးတင်းလာလျှင်သုံးဆောင်နိုင်ပါပြီ။ အပြင်ပိုင်းကိတ်သားတင်းတင်းလေးနဲ့အတွင်းကချောကလတ် ဆော့လေးတွေကနူးညံ့ပြီးစားလို့အလွန်ကောင်းတဲ့ချောကလတ်ကိတ်လေးဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...