Peanut Milk Panna Cotta
မြေပဲပဲနို့လေးလုပ်သောက်၇င်းကပူတင်းဂျယ်လီလေးစမ်းလုပ်ဖြစ်တာလေးမျှဝေပေးလိုက်ပါတယ်။အီတလီအချိုပွဲPannaCottaလုပ်နည်းလေးအ၇င်ကတင်ပေးဖူးပါတယ်။Creamအစားမြေပဲပဲနို့ကိုအစားထိုးပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။ပဲနို့ပြုလုပ်နည်းလည်းတင်ပေးထားပြီးသားပါ။
လိုအပ်သောပစ္စည်း
***********
မြေပဲပဲနို့ - ၄၀၀ml
သကြား - ၄၀ ဂရမ်
vanilla essence -၂ ဂရမ်
Gelatine Power - ၁၅ ဂရမ်
ပြုလုပ်နည်း
*******
(၁)ပထမအိုးတခုတွင် ပဲနို့ ၊သကြား၊ vanilla တို့ကို ထည့်ပြီးမီးဖို ပေါ်တွင်တည်ပြီးသာသာလေးမွေပါ။ (၂)အနည်းငယ်ပူလာပါကgelatine powderထည့်ပြီးမွေပါ။ (၃)အမှုန့်အားလုံးပျော်ပါကမီးပိတ်ပါ။ဆူပွက်စရာမလိုပါ။(ရေဆူအမှတ် ၇၀ ခန့်သာ)
(၄)ကျိုပြီးပါက အမြုပ်များကို ဇကာသေးသေးတခုဖြင့် စစ်ထုတ် ပစ်ပါ။
(၅)ပြီးလျှင် အဆင်သင့်လုပ်ထားသောခွက်ထည်းသို့ သာသာ လောင်းထည့်ကာ အအေးခံထားပါ။ (၆)အတော်သင့်အေးပါကအပေါ်မှပလပ်စတစ်အုပ်ကာရေခဲသေတ္တာတွင်ပြောင်းပြီး ဆက်၍အအေးခံပါ။
(၇)လေးငါးနာရီလောက် အအေးခံပြီး အတော်တင်းပြီးခဲလာမှသာ လျှင်မိမိနှစ်သက်၇ာသစ်သီးတို့ဖြင့်အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment