31 May 2015

ဖရုံသီးပူတင်း




ဖရုံသီးပူတင်းအတွက်ဦးစွာပထမ ဖရုံသီးနုနုတလုံးကို ရေ ဆေးသန့်စင်ပါ။ပုံမှာပါတဲ့အတိုင်းဓားချွန်ချွန်နဲ့အရာပေးပြီးအိုးပုံစံလေးလှီးထုတ်ပါ ။အဆင်မပြေလည်းအကွင်းလိုက်လှီးလိုက်လို့ရပါတယ်။ ပြီးလျှင်အတွင်းမှအသားများအစေ့များကိုဇွန်းဖြင့်ကော်ထုတ်သန့်စင်လိုက်ပါ။ဖရုံသီးအိုးလေးအဆင်သင့်ပြီဆိုပါကရေနွေးအိုးပေါင်းဖို့အဆင်သင့်တည်ထားလို့ရပါပြီ။အတွင်းမှာထည့်ဖို့ပူတင်းအတွက်ပြင်ဆင်ပါ့မယ်။
မိမိပြုလုပ်မဲ့ဖရုံသီးအိုးအရွယ်ကို ကြည့်ပြီးပူတင်းအချိုးကိုချိန်ဆပါ။
ပူတင်းအတွက်လိုအပ်ပစ္စည်း
***************
နို့စိမ်း - ၂၀၀ ဂရမ်
ကြက်ဥ -၂လုံး
သကြား -၂ဇွန်း (အချို ကြိုက်ရင် ပို ထည့်ပါ)စားပွဲတင်ဇွန်း
ပျားရည် - ၁ဇွန်း
(၁)အိုးတခုတွင် နို့စိမ်း၊သကြား၊ပျားရည်ထည့်ပြီးအပူပေးပါ။ ကြက်ဥကိုခေါက်ထားပါ ။
(၂)အပူပေးထားသောနို့စိမ်းဆူပွက်စရာမလိုပါ။ပူပြီးသကြားပျော်ပါကခေါက်ထားသောကြက်ဥကိုဖြေးဖြေးချင်းထည့်ကာအဆက်မပျက်မွေပေးပါ။နို့နှင့်ကြက်ဥတသားထည်းဖြစ်ပါကဇကာတခုဖြင့်စစ်ထုတ်လိုက်ပါ ။နို့တအားပူလျှင်ကြက်ဥကျက်ပြီးအဖတ်များဖြစ် တတ်ပါတယ်။ (၃)စစ်ပြီးသားပူတင်းရည်ကိုအဆင်သင့်လုပ်ထားသောဖရုံသီးအိုးလေးထည်းထည့်ပြီးအဖုံးပြန်ဖုံးထားပါ။ (၄)ရေဆူတည်ထားသောပေါင်းအိုးတွင်ဖရုံသီးအောက်ခြေငြိမ်အောင်ပန်းကန်တခုခံပြီးပေါင်းပါ။ဖရုံသီးအရွယ်ပေါ်မူတည်ပြီးပေါင်းချိန်ကြာမြင့်ပါမယ်။ခုလုပ်ထားသောအရွယ်ကိုတနာရီပေါင်းရပါတယ်။နာရီဝက်တခါလောက်ဖရုံသီးအိုးလေးဖွင့်ကြည့်ကာပူတင်းသားကျက်မကျက်ကြည့်ပါ။ (၅)အလယ်တည့်တည့်ကိုဖိကြည့်ပြီးမာခဲလာလျှင်မီးဖိုမှချပြီးရေခဲသေတ္တာတွင်ထည့်ပြီးအအေးခံထားပါ။ (၆)လုံးဝအေးမှသာလျှင်ထုတ်ယူပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါ
ပြီ ။အရသာပူတင်းချိုချိုအေးအေးနဲ့ဖရုံစိမ့်စိမ့်တွဲဖက်ပြီးစားရတာထူးကဲတဲ့အရသာပါ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...