29 May 2015

ရှမ်းထမနဲ

ခေါက်ယာခု
ခေါက်ယာခုလို့ခေါ်တဲ့ရှမ်းထမနဲလေးပါ။တောင်ပေါ်သူတောင်ပေါ်သားတိုင်းသိကြမယ်ထင်ပါတယ်။မသိသေးသူများဖို့နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်း - ၄ခွက် (ဆန်ချိန်ခွက်)
ရေ - ၄ ခွက် ဆန်ချိန်ခွက်
ရှမ်းကြံသကာ - ၁၅ကျပ်သား
ဆီ - ၅ကျပ်သား
မြေပဲလှော် - ၅ကျပ်သား
နှမ်းလှော် - ၃ဇွန်း
အုန်းသီး -တစ်စိတ် ခြစ်ထားပါ။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကို လေးနာရီခန့်ရေစိမ်ထားပြီးကောက်ညင်းနှင့် ရေဆတူထည့်ကာပေါင်းအိုးဖြင့်တည်ပါ။
(၂)ကောက်ညင်းအိုးရေခမ်းခါနီးတွင်ကြံသကာကိုထည့်ပါ။ (၃)ကောက်ညင်းကျက်ပါက ဆီ၊မြေပဲ၊နှမ်းတို့ကိုထည့်ပြီးအားလုံးနှံ့အောင်မွေကာလုံးခြမ်းကွဲအနေထိရအောင်ထိုးပါ။
(၄) ပြီးလျှင်ဘမ်းတခုတွင်ဆီသုတ်ပြီး ကောက်ညင်းများထည့်ကာ နာနာဖိပြီး မျက်နှာပြင် ညီအောင်လုပ်ပေးကာအအေးခံထားပါ။ (၅)လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးခြစ်ထားသောအုန်းသီးဖြူးကာသုံးဆောင်နိုင်ပါပြီ ။
***ကြံသကာအမှိုက်ပါမည်စိုးရိမ်ပါကကျိုပြီးစစ်ပြီးရေနှင့်ရောချိန်ပြီးထည့်ချက်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...