1 June 2015

ရွှေဖရုံသီးမုန့်လုံး

မုန့်လုံးကိုရွှေဖရုံသီးနဲ့လုပ်ထားတာလေးပါ။
ပါဝင်ပစ္စည်း
*******
ရွှေဖ၇ုံသီးအနှစ် - တခွက်ခွဲ
ကောက်ညင်းမုန့ှ် - နှစ်ခွက်
သကြား - နှစ်ဇွန်း စားပွဲတင်
ပဲယို - တစ်ပန်းကန်လုံး
စပျစ်ခြောက် - အနည်းငယ်
ပြုလုပ်နည်း
*******
(၁)ဦးစွာရွှေဖရုံသီးတလုံးကိုအခွံတင်ပါးပါးစိပ်ပါ။ ပြီးလျှင် microwave တွင် ပလပ်စတစ်ပိတ်ပြီး ၂မိနစ် သုံးကြိမ်ခန့်ထည့်ပါ။
နူးအိပါကကြေအောင်ခြေပြီးအနှစ်ပြုလုပ်ပါ။ ပေါင်း၍လည်းရပါတယ်။
(၂)ကျေညက်အောင်ခြေထားသောဖ၇ုံသီးအနှစ်၁ခွက်ခွဲကို ကောက်ညင်းမုန့်၂ခွက်ထည့်ပါ။သကြားထည့်ပါ။ပြီးလျှင်သေချာသမအောင်မွေပြီးမုန့်လုံးလုံးလို့ရသည့်အနေထားထိနှယ်ပြီး ပြုလုပ်လိုသည့်အရွယ်အလုံးလေးများလုံးထားပါ။
(၃)အစာထညိ့မည့်ပဲယို ကိုလည်းအလုံးလေးများလုံးထားပါ။ ပဲယိုအစားနှစ်သက်၇ာအစားထိုးနိုင်ပါတယ်။
(၄)မုန့်လုံးကိုပြားပြီးအစာထည့်ကာဖ၇ုံသီးပုံစံလေးဖြစ်အောင်ပုံသွင်းပါ။ပြီးလျှင်အပြင်ပတ်လည်ကိုဓားဖြင့်ဖိပြီးအရာလေးများပြုလုပ်ပါ။
(၅)အားလုံးပြုလုပ်ပြီးပါကအပေါ်မှစပျစ်ခြောက်သေးသေးဖြင့်အညှာလေးများထည့်ပေးပါ။ပြီးဘမ်းသို့ပန်းကန်ကိုဆီလူးပြီးထည့်ပါ။
(၆)ပေါင်းအိုးတွင်ေ၇ဆူတည်ပြီးဇကာပေါ်တင်ကာဆယ်မိနစ်ခန့်ပေါင်းပြီးထုတ်ယူကာရွှေဖ၇ုံသီးမုန့်လုံးကိုသုံးဆောင်နိုင်ပါပြီ။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...