1 June 2015

Nutella Bread




ပါဝင်ပစ္စည်း
*******
ဂျုံ - ၄၅၀ဂရမ်
Yeast - ၂ဇွန်း လ္ဘက်ဇွန်း
သကြား - ၆၅ ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၃၀ ဂရမ်
နွားနို့ နွေနွေး - 1ခွက် (၂၅၀ ml)
ကြက်ဥ - တစ်လုံး
Nutella - ၆ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာဇလုံတခုတွင်ဂျုံ၊သကြား၊ဆားနှင့်yeastကိုထည့်ပြီးမွေပေးပါ။
(၂)ပြီးလျှင်ကြက်ဥအနှစ်၊ထောပတ်နှင့်နို့ကိုထည့်ပြီးသမအောင်မွေပေးပါ။ဂျုံလုံးကိုစားပွဲတွင်တင်ပြီးဖိခြေ၍ချောမွတ်လာသည်ထိဆယ်မိနစ်ခန့်နယ်ပေးပါ။
(၃)ချောမွေ့လာပါကဂျုံလုံးကိုဆီလူးပြီးဇလုံတွင်ထည့်ကာပလပ်စတစ်အုပ်ပြီး၂နာရီခန့်အပွခံထားပါ။
(၄)ပွလာသောဂျုံကိုလေးပိုင်းပိုင်းပြီးလုံးထားပါ။
(၅)ပထမဂျုံတလုံးကိုဖြန့်ပြီးမိမိလိုချင်သောအရွယ်ပန်းကန်ပြား၂ချပ်ဖြင့်ဖိပြီးအ၇ာပေးပါ။ ဆီစိမ်စက္ကူပေါ်တင်ပါ။
(၆)ပန်းကန်အ၇ာပေးထားသောနေ၇ာထိ nutella ကိုသုတ်ပေးပါ။
(၇)ဒုတိယဂျုံလုံးကိုဖြန့်ပြီးnutellaသုတ်ထားသည့်အချပ်ပေါ်ခင်းကာပန်းကန်ဖြင့်အ၇ာပေးပါ။ အပေါ်မှ nutellaသုတ်ပါ။တတိယဂျုံလုံးကိုလည်းအထက်ပါအတိုင်းပြုလုပ်ပါ။တောက်ဆုံးကျန်သောဂျုံကိုဖြန့်ပြီးအပေါ်ဆုံးမှအုပ်ပေးကာပန်းကန်ကိုအပေါ်မှမှောက်တင်ကာဘေးပတ်လည်ပိုထွက်နေသောဂျုံသားကိုဓားထက်ထက်ဖြင့်လှီးဖြတ်ပေးပါ။
(၈)လိုချင်သောအရွယ်မုန့်သားအဝိုင်း၇ပါကအလယ်တည့်တည့်တွင်အဝိုင်းသေးပန်းကန်သို့ခွက်ကိုဖိထားပေးပြီးအစိပ်ညီ၁၆စိပ်ရအောင်ဓားထက်ထက်ဖြင့်ဖြတ်ပါ။
(၉)ပြီးလျှင်၂စိပ်ဆီကိုကိုင်ပြီးမျက်နှာချင်ဆိုင်နှစ်ပြန်လိမ်ပေးကာပန်းပုံဖော်ပေးပြီးပလပ်စတစ်အုပ်ပြီးမိနိစ်၂၀ခန့်အပွခံထားပါ။
(၁၀)ပွလာပါကကြက်ဥအကာသုတ်ပေးပြီးoven၁၈၀ံCတွင်မိနစ်၂၀ခန့်ဖုတ်ပြီးထုတ်ယူကာအပေါ်မှထောပတ်သုတ်ပေးပြီးသုံးဆောင်နိုင်ပါပြီ။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...