1 June 2015

Pineapple Roll

Pineapple Roll ကပြုလုပ်ရလွယ်ကူပြီးနှစ်သစ်ကူးပွဲတော်တွေ မှာဧည့်သည်ဧည့်ခံဖို့ဖြစ်စေလက်ဆောင်ပေးဖို့ဖြစ်စေအမြင်လည်းလှအထားလည်းခံအရသာလည်းရှိတဲ့သားရေစာမုန့်လေးဖြစ်ပါတယ်။ အိမ်ရှင်မများအိမ်တွင်းမှုလုပ်ငန်းအနေနဲ့လည်းလုပ်နိုင်ပါတယ်။စင်္ကာပူမှာတော့ပွဲတော်ရက်တွေနားနီးရင်နေရာတိုင်းမှာခင်းကျင်းရောင်းချထားတာမြင်ရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ဂျုံ - ၄၀၀ ဂရမ်
ထောပတ် (Unsalted Butter ) - ၂၅၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဇွန်း
ကြက်ဥ - ၂လုံး
ကြက်ဥအနှစ် - တလုံး
နာနတ်ယို - တစ်ကီလို
ပြုလုပ်နည်း
*******
(၁)ဇလုံတခုတွင်ဂျုံနှင့်ထောပတ်ကိုသမအောင်ဖွ၍နှယ်ပေးပါ။oven ကို ၁၇၀ဒီကရီအပူပေးထားပါ။
(၂)အားလုံးသမသွားပါက ဆားနှင့်ကြက်ဥနှစ်လုံးထည့်ပြီးနှယ်ပေးပြီးပလပ်စတစ်အုပ်ပြီး မိနစ် ၂၀ခန့်နှပ်ထားပေးပါ။
(၃)ဂျုံလုံးနှပ်ထားစဉ်နာနတ်ယိုချိန်ပြီးကိုပြုလုပ်မည့်ဒီဇိုင်းပေါ်မူတည်ပြီးလုံးထားလိမ့်ထားပါ။
(၄)ဂျုံလုံးနှပ်ပါကတဝက်ကိုခွဲယူပြီးဂျုံမှုန့်အနည်းငယ်ဖြူးကာလိမ့်တုံးဖြင့်2mmအထူခန့်ပြန့်အောင်ပြားပေးပါ။
(၅)ဖြန့်ပြီးပါကပြုလုပ်လိုသည့်ဒီဇိုင်းအတွက်ပုံစံခွက်ဖြင့်ဖြတ်ပေးပါ။
(၆)ခုလုပ်ထားသောအလိပ်အတွက်၃လက္မ×၁လက္မအရှည်ဆိုဒ်ဖြတ်ပြီး အသင့်လိပ်ထားသောနာနတ်ယိုကိုတင်ပြီးလိပ်ပေးပါ။
(၇)လိပ်ပြီးသားများကိုဆီသုပ်စက္ကူခင်းထားသောဘမ်းပေါ်တွင်စီထည့်ပြီးovenတွင် မိနစ် ၂၀ ခန့်အရင်ဖုတ်ပါ။
(၈)မိနစ်၂၀ပြည့်ပါကထုတ်ယူပြီးကြက်ဥအနှစ်ကိုရေတဇွန်းခန့်ရောပြီးမုန့်၏မျက်နှာပြင်များကိုဘရက်ရှ်ဖြင့်သုတ်ပေးပါ။
(၉)ပြီးလျှင်Ovenတွင်၂၅မိနစ်မှမိနစ်၃၀ထိအရောင်ရသည်ထိထားပါ။
(၁၀)အရာင်ရလာပါကထုတ်ယူပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။
ကြာရှည်ထားနိုင်ရန်အတွက်လေလုံသောဘူးထည်းတွင်စီထည့်ထားနိုင်ပါသည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...