1 June 2015

နန်ကထိုင်


ပါဝင်ပစ္စည်းနည်းနည်းနဲ့လုပ်ရလွယ်ကူပြီးစားရတာလည်း အရသာ ရှိလို့အိမ်ကလူကြီးလူငယ်ကလေးအားလုံးနှစ်သက်ကြမယ်ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။အိမ်ရှင်မ မမ ညီမများ အိမ်မှာနေရင်းတဖက်တလမ်းကဝင်ငွေလေးရှာချင်တယ်ဆိုရင်ဖြင့်လည်းစမ်းလုပ်ကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်း
******
Unsalted Butter ထောပတ် - ၁၂၀ ဂရမ်
Icing Sugar သကြားမှုန့် - ၆၀ဂရမ်
ဂျုံမှုန့် - ၂၄၀ ဂရမ်
ဆား - လ္ဘက်ဇွန်း ရှစ်ပုံ တစ်ပုံ
Baking Powder - လ္ဘက်ဇွန်း လေးပုံတစ်ပုံ
ဗီနီလာအနံ့ - အနည်းငယ်
သို့ (ဖာလာအမှုန့် နှင့် ဇာတိဗ္ဗိုလ်သီးအမှုန့် )
သီဟို၌စေ့ သို့ နှစ်သက်ရာအစေ့တမျိုး
(၁)ဇလုံတခုတွင်ထောပတ်နှင့်သကြားမှုန့်ကိုထည့်ပြီးယောက်မဖြင့်ချောမွေ့လာအောင်မွေပေးပါ။
(၂)ဗီနီလာအနံ့ အနည်းငယ်သို့ (ဖာလာအမှုန့် နှင့် ဇာတိဗ္ဗိုလ်သီးအမှုန့် )ထည့်ပြီးမွေပေးပါ။
(၃)ဂျုံမှုန့် ၊ ဆားနှင့် Baking powderကိုရောပြီးဇကာချပါ။
(၄)ထောပတ်အရောထည်းသို့ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ပြီးလျှင်လက်ဖြင့်သေချာချောမွေ့ဘာအောင်နှယ်ပေးပြီးပလပ်စတစ်ဖြင့်ထုတ်ကာမိနစ်၂၀ခန့်နှပ်ထားပါ။
(၆)oven ကို ၁၇၀ဒီဂရီ အပူပေးထားပါ။
(၇)မိနစ်၂၀ပြည့်ပါကထုတ်ယူပြီးမလုံးခင်ပြန်နှယ်ပေးပါ။ပြီးလျှင် တလုံးကို၂၀ဂရမ်ချိန်ပြီးလက်ထည်းတွင်ပြောင်ချောလာသည်ထိလုံးပေးပြီးဖုတ်မည့်ဘမ်းတွင်ဆီသုပ်စက္ကူခင်းပြီးလက်လေးလုံးခြားဆီတင်ပေးပါ။ (ဂျုံလုံးအားလုံးသည်ပြောင်ချောပြီးအက်ရာမရှိရန်ဂရုပြုပါ။ အက်ရာရှိပါကဖုတ်ထွက်လာလျှင်အက်ကြောင်းပေါ်ပါလိမ့်မည်။)
(၈)အထက်ပါအချိုးတွင်၁၅ခုထွက်ပါတယ်။အားလုံးလုံးပြီးပါကမိမိနှစ်သက်ရာအစေ့တမျိုးကိုသေးသေးဖဲ့ပြီးဂျုံလုံးတွင်နှစ်ရုံထည့်ပေးပါ။(အလှဆင်ခြင်းသာ)မုန်းလုံးမကွဲအပ်စေရန်သတိပြုပါ။
(၉)အားလုံးပြီးလျှင်အသင့်အပူပေးပြီးသားOven တွင် ၁၅မိနစ်မှ မိနစ်၂၀ထိဖုတ်ပေးပါ။ovenအမျိုးစားပေါ်မူတည်၍အချိန်ကွဲပြားနိုင်သည်။
(၁၀)နန်ကထိုင်မှာအပေါ်ဘက်တွင်ဖြူပြီးအောက်ခြေဘက်အနည်းငယ်ညိုရောင်သမ်းနေပါမယ်။အရောင်အနည်းငယ်ရပါကထုတ်ယူပြီးနန်ကထိုင်ကိုဇကာပေါ်တင်ပေးပြီးအအေးခံကာလုံးဝအေးသွားမှသာလျှင်လေလုံသောဘူးတွင်ထည့်ပြီးသိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။

1 comment:

  1. စာ ဖတ်ပြီး လုပ်ရတာပေါ့ thank you teacher

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...