ရှမ်းအစားအစာထဲကဂျင်းထောင်းနဲ့အမဲလုံးဟင်းချိုလေးကိုဆိုဖီယာအန်တီလေးဆီကသင်ပါတယ်။
ပူစပ်စပ်ဂျင်းထောင်းနဲ့အမဲလုံးဟင်းချိုလေးကရာ သီဥတုအေးတဲ့ရှမ်းပြည်လိုနေရာမျိုးအတွက်အကြို က်တွေ့စေမဲ့တွဲဖက်ဟင်းဘဲဖြစ်ပါတယ်။ အလွန်လည်းလိုက်ဖက်လှပါတယ်။ဂျင်းထောင်းအစစ်မှာတော့ခရမ်းချဉ်သီးနည်းပြီးဂျင်းကိုအဓိ ကသုံးပါတယ်။ဒီကရာသီဥတုနဲ့အစပ်မစားသူအ တွက်ခရမ်းချဉ်သီးပိုသုံးထားခြင်းဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - ၅လုံး
ရှမ်းပဲပုတ် - ၁ချပ်
ဂျင်းထောင်း - ၂ဇွန်း စားပွဲဇွန်း
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ခရမ်းချဉ်သီးကိုရေဆေးပြီးမီးကင်ထားပါ။
2.ရှမ်းပဲပုတ်ကိုလည်းမီးကင်ထားပါ။
3.ဂျင်းစိမ်းကိုအခွံသင်ပြီးညက်နေအောင်ထောင်းပြီးဖယ်ထုတ်ထားပါ။
4.ငရုတ်ဆုံတွင်ရှမ်းပဲပုတ်မီးကင်ထားသည်ကိုထည့်ထောင်းပါ။
5.ပြီးလျှင်ခရမ်းချဉ်သီးမီးကင်ထားသည်ကိုအခွံသင်ထည့်ပြီးသာသာထောင်းပါ။ဂျင်းထောင်းထည့်ပါ။
6.ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။
ခရမ်းချဉ်သီးကြေညက်ပါကအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပါ။
နံနံပင်သေးသေးစိတ်ထည့်ပြီးသမအောင်မွေကာနှစ်သက်ရာသီးနှံအတို့အမြုတ်သို့မဟုတ်အမဲလုံးဟင်းချိုဖြင့်တွဲဖက်ကာထမင်းဝိုင်းတွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀အစပ်စားနိုင်ပါကခရမ်းချဉ်သီးလျော့ပြီးဂျင်းကိုပို ထည့်ထောင်းပါ။
..............
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
14 November 2016
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment