Meet Ball with Green Mustard Soup
ရှမ်းပြည်မှာချက်စားလေ့ရှိတဲ့မုန်ညင်းအသားလုံးဟင်းချိုလေးဖြစ်ပါတယ်။အမဲသားအစားနှစ်သက်ရာအသားဖြင့်ချက်နိုင်ပါတယ်။ဒီအသားလုံးဟင်းချိုကဂျင်းများများနဲ့ပူစပ်ရှိန်းဖြစ်အောင်ချက်ထားပြီးမုန်ညင်းအရွက်ကိုအသားနဲ့ရောပြီးချက်တဲ့ဟင်းချိုဘဲဖြစ်ပါတယ်။ဂျင်းထောင်းနဲ့တွဲဖက်ပြီးအေး တဲ့ရာသီမှာပူရှိန်းရှိန်းလိုက်ဖက်တဲ့ဆီမပါတဲ့ဟင်းအတွဲဖြစ်ပါတယ်။ရှမ်းပြည်ကနေမသိသေးတဲ့ဒေသစာလေးတွေဖုံးနဲ့လှမ်းသင်ပေးတဲ့သူကတော့ဆိုဖီယာအန်တီလေးဖြစ်ပါတယ်☺ ချက်စားကြည့်ရအောင်နော်...
အမဲလုံးအတွက်ပါဝင်ပစ္စည်း
*******************
အမဲသား - ၃၀၀ ဂရမ်
မုန်ညင်းစိမ်း(အရွက်) - တစ်စည်း
ဂျင်းကြက်သွန်ဖြူထောင်း- တစ်ဇွန်း စားပွဲဇွန်း
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
ကော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဟင်းချိုအတွက်ပါဝင်ပစ္စည်း
*******************
အမဲသား
ကြက်ပြုတ်ရည်/ရေ - တစ်လီတာ
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်နှစ်ဆစ်
မုန်ညင်းစိမ်း(အရိုး)-တစ်စည်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာအမဲလုံးပြုလုပ်ရန်အသားကိုနုတ်နုတ်စင်းသို့မဟုတ်ကြိတ်ထားပါ။
2.စားနေကျအသားလုံးနဲ့မတူဘဲမုန်ညင်းထည့်မှာဖြစ်ပါတယ်။မုန်ညင်းစိမ်းအရိုးကြီးကြီးတစ်စည်းစာ ကိုအရိုးနှင့်အရွက်သီးသန့်ဖယ်ထားပါ။
3.အမဲလုံးအတွက်မုန်ညင်းရွက်ကိုနုတ်နုတ်စင်းပြီးအခါးရည်ညစ်ထုတ်ကာအမဲသားစင်းထားသည်နှင့်ရောကြိတ်ပါ။
4.ပန်းကန်တခုတွင်အမဲသားမုန်ညင်းကြိတ်ထားသည်ကိုထည့်ပါ။ဆားဟင်းခပ်မှုန့်ဂျင်းကြက်သွန်ဖြူထောင်းကော် မှုန့်တို့ကိုထည့်ပြီးသမအောင်ရိုက်ပြီးနယ်ပေးပါ။
5.ပြီးလျှင်မိမိပြုလုပ်လိုသောအရွယ်အသားလုံးလေးများကိုလုံးပြီးရေခဲသေတ္တာတွင်ထည့်ထားပါ။
6.ဟင်းချိုအိုးတည်ရန်ကြက်ပြုတ်ရည်သို့မဟုတ်ရေထည့်ပြီးမီးဖိုပေါ်တည်ပါ။
7.ကြက်သွန်နီခရမ်းချဉ်သီးပါးပါးစိတ်ထည့်ပါ။ကြက်သွန်ဖြူကိုရိုက်ပြားပြီးထည့်ပါ။ဂျင်းကိုလည်းအတက်လိုက်ကိုထုပြီးထည့်ပါ။
8.ဆားဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။
9.ဆူပွက်ပါကအသင့်လုံးထားသောအသားလုံးလေးများထည့်ပြီးအသားလုံးအပေါ်ပေါလောပေါ်လာပါကအသားလုံးကျက်ပြီဖြစ်၍ချန်ထားသောမုန်ညင်းစိမ်းအရိုးကိုရေဆေးလှီးဖြတ်ပြီးထည့်ပါ။
10.ပြီးလျှင်အရသာအပေါ့အငံမြည်းပြီးမီးဖိုမှချကာ ထမင်းပူပူဂျင်းထောင်းစပ်ရှိန်းရှိန်းနဲ့တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment