Carrot Rice
ထမင်းချက်နည်းအများကြီးရှိတဲ့ထဲကမုန်လာဥထမင်းလေးကသတ်သတ်လွတ်လည်းဖြစ်ချက်ရလွယ်ကူပြီးအဆီပြီးအဆီအစိမ့်နည်းကာစားနေကျနဲ့မတူတမူထူးခြားတဲ့အရသာလေးကိုရရှိစေမှာဖြစ်ပါတယ်။
သတ်သတ်လွတ်စားသုံးသူများနှင့်အိမ်ရှင်မများနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ချက်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း (၁၀ပွဲစာ)
********
ဆန်(Basmati) - ၅ခွက် (ဆန်ချိန်ခွက် )
ကြက်သွန်နီဥသေး - ဆယ်လုံး
မုန်လာဥနီ အကြီး - ၄တောင့်
နံနံပင် - လက်တစ်ဆုပ်
ပူစီနံ - လက်တစ်ဆုပ်
မြေပဲ /သီဟိုစေ့/ စပျစ်ခြောက် - တစ်ခွက်
ရေ - ၁၀ခွက်
အရောင်တင်မှုန့် - နှစ်ဇွန်း (စားပွဲဇွန်း)
ဒန်ပေါက်မဆလာ - နှစ်ဇွန်း
ဆား - တစ်ဇွန်း
သကြား - တစ်ဇွန်း
ထောပတ်/ဆီ - အနည်းငယ်
ဆီသပ်ရန်
*******
ဆီ - ခွက်တဝက်
ဆီသပ်ရွက် - တစ်ခက်
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း (စားပွဲဇွန်း)
သစ်ဂျပိုးခေါက် - ၂ချောင်း
ကရဝေရွက် - ၃ရွက်
ဖာလာ - ၅စေ့
လေးညင်း - ၅စေ့
တွဲဖက်စားရန်အချဉ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာဆန်ကိုရေဆေးသန့်စင်ပြီးနာရီဝက်ခန့်ရေစိမ်ထားပါ။
(၂)မုန်လာဥကိုရေဆေးသန့်စင်ပြီးခြစ်ထားပါ။
ဂျင်းကြက်သွန်ဖြူထောင်းထား ပါ။နံနံပင်ပူစီနံတို့ကိုသန့်စင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကထမင်းချက်မည့်အိုးတွင်ဆီထည့်ပြီးမြေပဲဆံသီဟိုဠ်စေ့ကိုကြော်ပြီးဖယ်ထားပါ။ဆီသပ်ရွက်ကရဝေးသစ်ဂျပိုးဖာလာလေးညင်းတို့ကိုဆီသပ်ပါ။ဂျင်းကြက်သွန်ဖြူထည့်ပါ။
(၄)ဆီသပ်နံ့မွေးလာပါကခြစ်ထားသောမုန်လာဥကိုထည့်ကြော်ပါ။
အရောင်တင်ငရုပ်သီးမှုန့်မဆလာထည့်ပါ။ပူစီနံနှင့်နံနံပင်ထည့်ပါ။
(၅)အားလုံးသမအောင်မွေပေးကာရေစိမ်ထားသောဆန်ကိုဇကာဖြင့်စစ်ပြီးထည့်ပါ။သမအောင်မွေပြီးဆားနှင့်သကြားထည့်ပါ။
ရေ၁၀ခွက်ကိုချိန်ထည့်ပြီးအရသာအပေါ့အ ငံမြည်းပါ။ဆူပွက်ပါကမီးလျော့ပြီးရေခမ်းချက်ပါ။
(၆)ရေခမ်းပါကစပျစ်ခြောက်သီဟိုစေ့ကိုထည့်ပြီးမီးကိုအသေးဆုံးထိလျော့ချကာထမင်းနှပ်အောင်ချက်ပြီးမီးပိတ်ထားပါ။
(၇)ထောပတ်ကိုအပူပေးပြီးထမင်းအိုးတွင်အနည်းငယ်ဆီဖြန့်ထည့်ပြီးသမအောင်ဖွဖွမွေပေးပြီးပူစီနံနံနံပင်သေးသေးစိတ်ထည့်ကာသခွားသီးကြက်သွန်နီအချဉ်သုပ်၊သရက်သီးသနပ်သံပုရာသီးသနပ်နှစ်သက်ရာအချဉ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ပေါင်းအိုးဖြင့်ချက်လိုပါကအားလုံးဆီသပ်ပြီးပါကရေမထည့်ခင်ပေါင်းအိုးဖြင့်ပြောင်းပြီးရေထည့်ကာခလုတ်နှိပ်ချက်ပါ။
❀❀ဆန်BasmatiRiceဖြစ်၍ဆန်၅ခွက်လျှင်ရေဆယ်ခွက်သုံးနိုင်ပါတယ်။
❀❀သတ်သတ်လွတ်မဟုတ်ဘဲနှစ်သက်ရာအမဲနှပ်ကြက်သားနှပ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါတယ်။
❀❀ထောပတ်ဖြင့်ထမင်းကိုသမအောင်မွေချိန်တွင်ဆန်လုံးမပျက်အောင်အထူးဂရုပြုပါ။
❀❀ခွက်ချိန်အားလုံးမှာပေါင်းအိုးဆန်ချိန်ခွက်ဖြစ်ပါတယ်။
❀❀ပေါင်းအိုးဆန်ချိန်ခွက်၂ခွက်လျှင်နို့ဆီဘူးတစ်ဘူးနှင့်ညီမျှပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
10 April 2016
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment