4 July 2015

ပိန္နဲသီးချက်

ထူးဆန်းတဲ့ဟင်းပွဲလေးမဟုတ်ပေမဲ့မွေးရပ်ဇာတိရှမ်းပြည်အလွမ်းပြေအဖြစ်အားပါးတရစားဖြစ်တဲ့ဟင်းပွဲလေးပါ။ကျွန်မအတွက်တော့ကြက်သာဟင်းနဲ့မလည်းနိုင်တဲ့ဟင်းတခွက်ပေါ့။သိပြီးသားလည်းရှိသလိုမသိသေးသူများလည်းရှိလိမ့်မယ်လို့ထင်လို့ချက်နည်းလေးတင်ပေးလိုက်ပါတယ်။ ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ပိန္နဲသီးနုနု - တလုံး
ကြက်သွန် - တလုံး
ခရမ်းချဉ်သီး - နှစ်လုံး
ကြက်သွန်ဖြူ - နှစ်မြောင်း
ရှမ်းပဲပုတ် - နှစ်ချပ်
ငရုပ်သီးစိမ်း - ငါးတောင့်
နံနံပင် - အနည်းငယ်
အရောင်တင် - တဇွန်း
္နနနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ပိန္နဲသီးနုနုကိုအခွံခွာပြီးအကွင်းလိုက်လှီးကာရေဆူတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။ထွက်လာသောအမြုပ်များကိုခပ်ထုတ်ပေးပါ။အမြုပ်ကုန်ပြီးပိန္နဲသီးအတွင်းထိကျက်ပါကဆယ်ယူရေစစ်ထားပါ။ရေစစ်ပြီးပါကမိမိလိုသလိုအတုံးငယ်များလှီးဖြတ်ထားပါ။အချို့ဒေသများတွင်ပြုတ်ပြီးသားဝယ်ယူရရှိနိုင်ပါသည်။
(၂)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဆီသပ်ပါ။ အနည်းငယ်အရောင်ရပါကနနွင်းနှင့်အရောင်တင်ကြက်သွန်ဖြူချပါပြီးလျှင်ခရမ်းချဉ်သီးထည့်ပြီးအနည်းငယ်အနှစ်ကျအောင်ချက်ပါ။ (၃)အနှစ်ကျပါကလှီးပြီးသားပိန္နဲသီးကိုထည့်ပြီးအရသာထည့်ပြီးတည်ပါ။ မကြာမကြာရေအနည်းငယ်ထည့်ပြီးမွေပေးပါ။ (၄)ပိန္နဲသီးအတော်နူးပါကရှမ်းပဲပုတ်ကိုမီးဖုတ်ပြီးမညက်တညက်ထောင်းပြီးဟင်းအိုးထည်းသို့ရောထည့်ပါ။ငရုပ်သီးစိမ်း၊နံနံပင်တို့ထည့်ပြီးအရသာအပေါ့ငန်မြည်း ၍ဟင်းရည်စပ်စပ်ဖြင့်မီးဖိုမှချကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ မိမိနှစ်သက်ရာအသားဖြင့်လည်းတွဲချက်နိုင်ပါတယ်။ မလေးလူမျိုးများကတော့ငါးပိငရုပ်သီးထောင်းဖြင့်ချိုစပ်စပ်ချက်စားကြပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...