4 July 2015

ပုဇွန်ကျွဲကောသီးသုပ်

Pomello Salad with Prawn
လိုအပ်သောပစ္စည်း
**********
ကျွဲကောသီး - တစ်ပွဲစာ
ပုဇွန် - ငါးကောင်
မြေပဲထောင်း - နှစ်ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ကြော် - ၃ဇွန်း
အုန်းသီးလှော် - ၂ဇွန်း
ငရုပ်သီးစိမ်း - ၃တောင့်
ပူစီနံ - အနည်းငယ်
နံနံပင် - အနည်းငယ်
ဆော့စပ်ရန်လိုအပ်သောပစ္စည်း
*****************
ထန်းလျက်ရည် - ၁ဇွန်း
ငံပြာရည် - ၁ဇွန်း
သံပုရာရည် - ၁ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
ကျွဲကောသီးကိုအခွံခွာပြီအမွှာလေးများချွေထားပါ။ပုဇွန်ကိုရေဆေးသန့်စင်ပြီးကျောခွဲကာရေနွေးဖျောထားပါ။ဇလုံတခုတွင်ကျွဲကောသီး၊ပုဇွန်၊ ကြက်သွန်ကြော် ၊ မြေပဲ၊ အုန်းသီး၊ ငရုပ်သီး ၊ပူစီနံ၊ နံနံပင်တို့ကိုထည့်ပါ။ ပန်းကန်တခုတွင် ထန်းလျက်ရည်၊ငံပြာရည်၊သံပုရာရည်တို့ကိုရောစပ်ပြီကျွဲကောသီးထည်းထည့်ကာသမအောင်သာသာမွေပေးပါ။လိုအပ်ပါကအရသာဖြည့်စွက်ပေးပါ။အရသာချိုချဉ်စပ်ရပါကပန်းကန်တွင်
ပြင်ဆင်ပြီးအရသာရှိလှသောပုဇွန်ကျွဲကောသီးသုပ်လေးကို တည်ခင်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...