4 July 2015

ဂေါ်ဖီထုပ်အစာသွပ်ချိုချဉ်


Sweet & Sour Stuffed Cabbage
လိုအပ်သောပစ္စည်း
**********
ဂေါ်ဖီသေးသေး - တစ်လုံး
ကြက်သားစင်းပြီးသား - တစ်ဆယ်သား
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - လ္ဘက်ဇွန်းတစ်ဇွန်း
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ကြက်သားမှုန့် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ကော်မှုန့် ပြောင်းဖူးမှုန့် - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း

ချိုချဉ်ဆော့စ်ချက်ရန်လိုအပ်သောပစ္စည်း
*********************
ဆီ - တဇွန်း
ကြက်သွန်နီ - တခြမ်း
သခွားသီး - ၁/၎
ငရုပ်ချို ၊ငရုပ်ပွ - အစိမ်း တခြမ်း ၊ အနီ တခြမ်း
ပြောင်းဖူးစေ့ သို့ နာနတ်သီး ၂ဇွန်း
ဆား - လ္ဘက်ဇွန်း၁ဇွန်း
သကြား - ၃ဇွန်း ဟင်းစားဇွန်း
ငရုပ်ဆီ - ၂ဇွန်း
သံပုရာသီး - တခြမ်း
ကြက်ပြုတ်ရည် သို့ ရေ - ပန်းကန်၁လုံး
ကော်မှုန့် - ၁ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ရေဆူတအိုးတည်ထားပါ ။ ဂေါ်ဖီကို အလုံးလိုက်ရေဆေးထားပါ။ ဘေးတွင်ဇလုံတခုဖြင့်ရေခဲရေထည့်ထားပါ။ရေဆူပါကဂေါ်ဖီထုပ်ကိုအလုံးလိုက်ရေဆူတွင်ဆယ်စက္ကန့်ခန့်ချပြီးဆယ်ယူကာရေခဲရေတွင်စိမ်ပြီးအပေါ်ဆုံးတချပ်ကိုခွာယူပါ။ပြီးလျှင်ရေဆူသို့ပြန်ချပြီးတထပ်ပြီးတထပ်ခွာယူပါ။အတွင်းဘက်အရွက်သေးသွားလျှင်ရပ်လိုက်ပြီးရေခဲရေမှဆယ်ယူကာရေစစ်ထားပြီးအလယ်ရိုးထူသောအပိုင်းများကိုဓားဖြင့်လှီးထုတ်ထားပါ။
(၂)အစာသွပ်မည့်အသားကိုပြင်ဆင်ပါ့မယ်။ကြက်သားစင်ပြီးသားကိုပန်းကန်တခုတွင်ထည့်ပါ။ကြက်သွန်နီနုတ်နုတ်စင်းထည့်ပါ။ပြီးလျှင်ဆား၊ကြက်သားမှုန့်၊ကော်မှုန့်၊ဆီမွေး၊ဂျင်းကြက်သွန်ဖြူ၊ငရုပ်ကောင်းတို့ထည့်ပြီးနာနာရိုက်ပေးပါ။ (၃)ပြီးလျှင်ရေစစ်ထားသောဂေါ်ဖီရွက်ကိုအတွင်းဖက်ကိုအပေါ်မှထားပြီးဖြန့်ခင်းပါ။ကြက်သားနှပ်ပြီးသားတဇွန်းကိုအလယ်တွင်ထည့်ပြီးဘေး
နှစ်ဘက်ခေါက်ကာမိမိဘက်မှစ၍ရှေ့သို့လိပ်ပေးပါ။အားလုံးလိပ်ပြီးပါကပန်းကန်သို့ဘမ်းတခုတွင်စီထည့်ပြီးရေနွေးပေါင်းအိုးဖြင့်နာရီဝက်ခန့်ပေါင်းပါ။
(၄)ချိုချဉ်ဆော့စ်အတွက်ဆော့စ်တွင်ပါဝင်သောပစ္စည်းအားလုံးကိုသေးသေးစိပ်ထားပါ ။ ပြောင်းဖူးအစားနာနတ်သီးသုံးနိုင်ပါတယ်။ အရောင်လှအောင်ပြောင်းဖူးထည့်ထားခြင်းပါ။နစ်သက်ကထည့်နိုင်ပါတယ်။ချိုချဉ်ကြော်မှာဖြစ်တဲ့အတွက်နာနတ်သီးကလိုက်ဖက်ပါတယ်။
(၅)အားလုံးစိပ်ပြီးပါကဒယ်အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးအသီးနှံအားလုံးချကြော်ပါ။ပြီးလျှင်ကြက်သားပြုတ်ရည်သို့ရေထည့်ပြီးပါဝင်သည့်ဟင်းစပ်ပစ္စည်းများဆား၊သကြား၊ငရုပ်ဆော့သံပုရာရည်တို့ကိုထည့်ပြီး အရသာအပေါ့ငန်မြည်းပါ ။ (၆)မိမိစိတ်ကြိုက်အချိုအချဉ်အရသာရပါက ကော်မှုန့်တဇွန်း ကိုရေ၂ ဇွန်းဖြင့်ဖျော်ပြီးချိုချဉ်ဆော့စ်တွင်ထည့်ကာခပ်မြန်မြန်မွေပြီးမီးလျော့ထားပါ။
(၇)ပေါင်းထားသောဂေါ်ဖီအစာသွပ်ရပါကချက်ထားသောချိုချဉ်ဆော့စ်တွင်းသို့ထည့်ပြီး၂မိနစ်ခန့်တည်ထားပါ။ပြီးလျှင်ပန်းကန်တခုတွင်စီထည့်ကာချိုချဉ်ဆော့စ်ကိုဂေါ်ဖီအစာသွပ်ပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...