4 July 2015

ရှမ်းတိုဖူးနွေး

တိုဖူးကျိုနည်းကကုလားပဲကိုရေစိမ်ကြိတ်ပြီးစစ်ပြီးရေများများနဲ့ရေစိမ်အနယ်ထိုင်ပြီးလုပ်တာရှိတယ်။ပဲမှုန့်ကိုရေဖျော်ပြီးတန်းကျိုတာရှိတယ်။ပဲမှုန့်ကိုဘဲရေဖျော် စစ်ပြီးရေများများ နဲ့အနယ်ထိုင်ပြီး လုပ်တာရှိတယ်။လုပ်နည်းမတူတဲ့အပေါ်မှာတိုဖူး ပုံစံ အနည်းငယ်ကွဲပြားပါတယ်။
ရှမ်းတိုဖူကျိုရန်
***********
(၁)ပဲမှုန့်အစိမ်းတထုပ်၂၀၀ဂရမ်ကိုရေထည့်ပြီးဖျော်ပါ။ပြီးလျှင်အဝတ်ပါးဖြင့်စစ်ပြီးရေရှစ်လီတာလောက်ထည့်ပြီး အေးတဲ့နေရာမှာ အနည်ထိုင်ထားပါ။ပူနွေးသောနေရာထား မိလျှင်ပဲချဉ်သွားတတ်ပါတယ်။မနက်ကျိုမယ်ဆိုညကတည်း ကစိမ်ထားပါ။
(၂)အနယ်ထိုင်သွားပါကအပေါ်ယံမှအရည်ကြည်များကိုသွန်ထုတ်ပြီးအောက်ဆုံးမှပဲအနှစ်များကိုသာချန်ထားပါ ။၄၀၀mlခန့်ရှိပါတယ်။
တိုဖူးကျိုနည်း
**********
(၁)ရေတစ်လီတာကိုထန်းလျက်၂လုံးဆားလ္ဘက်ဇွန်းတစ်ဇွန်း နနွင်းအနည်းငယ်ထည့်ပြီးမီးဖိုတွင်တည်ပါ။
(၂)ဆူပွက်လာပါကပဲနှစ်ရည်ကိုတဖက်မှထည့်ပြီးတဖက်ကအဆက်မပျက်မွေပေးပါ။ မီးကိုအနေတော်ြ ဖင့်မွေပေးပါ။ တဖြေးဖြေးပျစ်လာသည်ထိမွေပါ။(၃)ပျစ်လာပြီးကြွက်မြီးတန်းအနေထားရပါကပဲစိမ်းနှံ့ပျောက်မပျောက်နှင့်အ၇သာအပေါ့အငံမြည်းကာမီးကိုအသေးဆုံးအနေထိလျော့ထားပြီးအပူပေးထားပါ။ အေးသွားလျှင်တိုဖူးနွေးပျစ်ခဲခဲနဲ့မို့မလှတော့ပါဘူး။***
ပဲမှုန့်ကိုရေမစိမ်ဘဲပြုလုပ်လိုပါကရေဖျော်ပြီးတန်းကျိုပါ။ပါဝင်တဲ့အချိုးအတူတူဘဲဖြစ်ပါတယ်။
တိုဖူးနွေးပြင်ဆင်နည်း
***************
ဆန်စီးခေါက်ဆွဲသို့ ရေစိမ်ခေါက်ဆွဲ - တစ်ပွဲစာ
ကြက်သွန်ဖြူ ဆီချက် - တစ်ဇွန်းစားပွဲဇွန်း
နှမ်းဆီချက် သို့ နှမ်းထောင်း - တစ်ဇွန်းလ္ဘက်ဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ငရုပ်ဆီချက် - တစ်ဇွန်း
ကြာညို့ အချို - တစ်ဇွန်း
ပဲငံပြာ ရည် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ဦးစွာဆန်စီးခေါက်ဆွဲတစ်ပွဲစာကိုတိုဖူးနွေးအိုးထဲထည့်ပြီးပျော့အောင်ခဏထားပြီးပန်းကန်တွင်ထည့်ပါ။တိုဖူးနွေးလည်းခပ်ထည့်ပါ။
အပေါ်မှကြက်သွန်ဖြူဆီချက်၊မြေပဲထောင်း၊နှမ်းဆီချက် သို့ နှမ်းထောင်း၊ကြာညို့အချို၊အငံ၊ငရုပ်သီးဆီချက်၊ကြက်သွန်မိတ်နံနံပင်ထည့်ပြီးရှမ်းချဉ်နှ င့်တွဲဖက်သုံးေ ဆာင်နိုင်ပါပြီ။အီကြာကွေးနှင့်လည်းလို က်ဖက်ပါတယ်။သက်သက်လွတ်လည်းစားကောင်း သလိုကြက်သားထည့်လိုကထည့်ပါ။ေ၇စိမ်ခေါက်ဆွဲသုံးပါကခေါက်ဆွဲကိုသီးသန့်ပြုတ်ပြီး မှပွဲပြင်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...