6 July 2015

ယိုးဒယားငါးပိထောင်း

ပါဝင်ပစ္စည်း
******
အရိုးမပါသောငါး - တစ်ဆယ်သား
ပုဇွန်ခြောက် - ၂ဇွန်း
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်သွန်နီ ဥသေး - ၁လုံး
ငရုပ်သီးစိမ်း - ၁၀တောင့်
ပုဇွန်ငါးပိ - ၂ဇွန်း
ထန်းလျက် - ၂လုံး
ငံပြာရည် - ၂ဇွန်း
သံပုရာသီး - ၂ လုံး
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ငါးအသားကိုပြုတ်ထားပါ။ ပုဇွန်ခြောက်ရေစိမ်ထားပါ။
(၂)ကြက်သွန်ဖြူ နီ ငရုပ်သီးတို့ကိုငရုပ်ဆုံတွင်ထည့်ထောင်းပါ။
(၃)ကြေညက်ပါကပုဇွန်ခြောက်နှင့်ထန်းလျက်ထည့်ထောင်းပါ။
ထန်းလျက်ရည်သုံးလိုပါကနောက်ဆုံးမှထည့်ပါ။
(၄)ပြုတ်ပြီးသားငါးကိုထည့်ထောင်းပါ။
(၅)ငါးပိထည့်ပါ။အစိမ်းထည့်ပါတယ်။မီးကင်လိုပါကကင်ပါ။
(၆)အားလုံးကြေညက်ပါကငံပြာရည်နှင့်သံပုရာရည်ထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းကာနစ်သက်ရာသီးနှံအတို့ အမြုတ်များဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...