6 July 2015

ပုဇွန်မရောနစ်

Prawn Mayonaise / Prawn Cocktail
ပုဇွန်မရောနစ်ကိုပုံစံအမျိုးမျိုးလုပ်ကြပေမဲ့အခြေခံအားဖြင့်တော့တူညီကျပါတယ်။ပြုလုပ်ရလွယ်ကူလှလှပပတည်ခ င်းပေးနိုင်ပြီး ကလေးလူကြီးနှစ်သက်ကြမဲ့ပုဇွန်မရောနစ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ပုဇွန် - ၁၅ ကောင် 
မရောနစ် - ၃ ဇွန်း စားပွဲဇွန်း
ခရမ်းချဉ်သီးဆော့ - တစ်ဇွန်း 
သံပုရာသီး - တစ်စိတ်
သကြား - အနည်းငယ် 
ဆား ငရုပ်ကောင်း - အနည်းငယ်
ကြက်သွန်နီ - တစ်ဇွန်း သေးသေးစိတ်
Tabasco sauce - ဇွန်းတဝက်
နံနံပင် - ၃ပင်
ဆလပ်ရွက် - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာရေနွေးအိုးတည်ပြီးရေဆူပါကသံပုရာသီးတစ်စိတ်ညစ်ထည့်ကာပုဇွန်ကိုထည့်ပြုတ်ပါ။(၄မိနစ်ခန့်)ပြီးလျှင်ဆယ်ယူရေခဲရေစိမ်ကာအမြီးချန်ပြီးအခွံသင်ဖုံးအုပ်ကာရေခဲသေတ္တာတွင်ထားပါ။
(၂)ပန်းကန်တခုတွင်မရောနစ်၊ခရမ်းချဉ်သီးဆော့စ်၊ဆား ငရုပ်ကောင်း၊ကြက်သွန်သေးသေးစိတ်၊နံနံပင်သေးသေး စိတ်၊Tabasco ၊သကြား၊သံပုရာသီးတို့ ကိုထည့်ပြီးသမေ အာင်မွေ ထားပါ။
(၃)တည်ခင်းမည့်အချိန်မှသာပန်းကန်တွင်ဆလပ်ရွက်ခင်းပြီးရောစပ်ထားသောဆော့စ်နှင့်အအေးခံထားသောပုဇွန်ကိုသမအောင်မွေပေးကာဆလပ်ရွက်ပေါ်တွင်ထည့်ပါ။အပေါ်မှနံနံပင်အနည်းငယ်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။အစပ်သုံးဆောင်လိုပါကငရုပ်သီးသေးသေးစိတ်ပြီးထည့်နိုင်ပါ တယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...