5 July 2015

Rendang Chicken


စားဖူးသမျှကြက်သားဟင်းထဲကအရသာအရှိဆုံးကြက်သားဟင်းလေးပါ။ကြက်သားဟင်းဆီပြန်ကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးချက်စားကြတဲ့ထဲကမလေးရှားကပုံစံတမျိုးနဲချက်ကြည့်ရအောင်နော်။ဒီRendangက BABA NYONYA Traditional ဟင်းဖြစ်ပြီး စင်္ကာပူမှာတော့နာမည်ကြီးလူကြိုက်များတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ကြက်​သားအစားဆိတ်​သား၊အမဲသား တို့ဖြင့်​အစားထိုးချက်​နိုင်​ပါတယ်​။
ဟင်းချက်အနှစ်အတွက်လိုအပ်သောပစ္စည်းများ
*************************
ကြက်သွန်နီ - ၃၀၀ ဂရမ်
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးခြောက် - ၁၀၀ ဂရမ်
ဂျင်း - လက်တစ်ဆစ် ၂၅ ဂရမ်
ပဒဲကော - လက်နှစ်ဆစ် ၂၅ ဂရမ်
စပါးလင် - ၂ချောင်း
္နနနွင်းတက် - လက်တဆစ် ၁၀ ဂရမ်
ငရုပ်ကောင်း တစ်ဇွန်း
နံနံစေ့ - ၂ဇွန်း
ရေ - ၃၅၀ ml
ဦးစွာငရုပ်သီးခြောက်ကိုရေနွေးဖြင့်စိမ်ထားပါ။ကြက်သွန်နီ၊ဂျင်း၊ပဒဲကော၊စပါးလင်၊နနွင်းတက်တို့ကိုပါးပါးလှီးထားပါ။အားလုံးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ထည့်ပြီးကြိတ်ပါ။ရေကိုဖြည်းဖြည်းဆီထည့်ကြိတ်ပါ။ငရုပ်သီးနှင့်ပါဝင်ပစ္စည်းအားလုံးညက်ပါကဘူးတခုတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားပြီးလိုသလောက်အသုံးပြုနိုင်ပါတယ်။ကြိတ်ထွက်လာသောငရုပ်သီးအနှစ်အချိုးသည်ကြက်သား ၆ကီလိုစာချက်လို့ရပါတယ်။
Rendang Chicken ချက်ရန်လိုအပ်သောပစ္စည်း
****************************
ကြက်သား သို့ ဆိတ်သား သို့ အမဲသား - ၁ကီလို
ငရုပ်သီးအနှစ် - ၁၅၀ ဂရမ်
စပါးလင် - တစ်ချောင်း ဖြတ်ပြီးထုထား
ရှောက်ခါးရွက် - ၂ရွက်
သစ်ဂျပိုးခေါက် - တစ်ချောင်း
ဆီ - ၁၀၀ ဂရမ်
အုန်းသီးကြော် - ၃၅ ဂရမ်
အုန်းနို့ခရင်မ် - ၇၀ ml
ရေ - ၁၅၀ ml
ဆား - တစ်ဇွန်း (၁၀ ဂရမ်)
သကြား - ၃ဇွန်း (၃၅ ဂရမ်)
ဟင်းခပ်မှုန့် - တစ်ဇွန်း ( ၇ ဂရမ် )
မန်ကျည်းမှည့် - ၂၀ ဂရမ်
(၁)ဦးစွာပထမကြက်သားကိုအတုံးကြီးကြီးတုံးပြီးသန့်စင်ရေစစ်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။
(၂)ဒယ်အိုးတခုတွင်ဆီထည့်ပြီးထုထားသောစပါးလင်၊သစ်ဂျပိုးခေါက်၊ရှောက်ရွက်ထည့်ပြီးဆီသပ်ပါ။
(၃)ငရုပ်သီးအနှစ်ကိုထည့်ပြီးငရုပ်သီးအနှစ်ဆီပြန်လာသည်ထိချက်ပါ။
(၄)ပြီးလျှင်အသင့်ဆားနှယ်ထားသောအသားကိုထည့်ပါ။အသားအရောင်ပြောင်းပါကအုန်းနို့၊အုန်းသီးကြော်၊ရေ၊မန်ကျည်းနှစ်၊သကြားတို့ကိုထည့်ပြီးတည်ထားပါ။
(၅)မကြာခဏအိုးမကပ်အောင်မွေပေးပါ။ရေခမ်းပြီးအနှစ်ကျဆီပြန်လာပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရသာမှာချိုချိုစပ်စပ်စပ်ဖြင့်မွေးကြိုင်နေမှာဖြစ်ပါတယ်။
မှတ်ချက်။ အုန်းသီးကြော်မှာအုန်းသီးစိမ်းကိုထောင်းပြီးဆီထွက်အောင်ကြော်ထားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...