6 July 2015

ဂဏန်းအုန်းနို့ဟင်း

Lemak Chilli Crab
ဂဏန်းဟင်းကိုမလေးစတိုင်အုန်းနို့နဲ့အစပ်ချက်လေးပါ။အစပ်ကြိုက်သူများအကြိုက်တွေ့မဲ့အလွန်အရသာရှိသောဟင်းလေးဘဲဖြစ်ပါတယ်။မလေးအစားအစာများတွင်ဟင်းခပ်အနှစ်ကိုကိုယ်တိုင်ကြိတ်သုံးလေ့ရှိတာကြောင့်ပိုမိုထူးကဲတဲ့အရသာကိုရရှိတာဖြစ်ပါတယ်။ကိုယ်တိုင်လည်းခုမှသာလျှင်ကြိတ်ပြီးချက်ဖူးတာကြောင့်သူ့ရဲ့ထူးကဲတဲ့အရသာကိုအလွန်သဘောကျမိပါတယ်။မလေးအစားအစာများဟာမြန်မာအစားစာများနှင့်ဆင်တူပါတယ်။လတ်တလောသင်ယူမိတဲ့မလေးစတိုင်ဟင်းချက်နည်းတချို့ကိုပြန်လည်မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်း
******
ဂဏန်း - ၁၅ ကောင်
ငရုပ်သီးစိမ်းနီ -ဆယ်တောင့်
ကြက်သွန်နီ - ငါးလုံး
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်၂ဆစ်
နနွင်း -လက်တဆစ်
ပဒဲကော - ၅ပြား
စပါးလင်- ၃ချောင်း
ရှောက်ခါးရွက် - ၅ရွက်
အုန်းနို့ဘူးသေး - ၂ဘူး
ဆား - လိုသလောက်
ဟင်းခတ်မှုန့် - တဇွန်း
သကြား - ၃ ဇွန်း
ဆီ - ၁၀၀ ဂရမ်
ရေ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
***********
(၁)ဂဏန်းကိုအခွံခွာရေဆေးသန့်စင်ပြီးခြေချောင်းအဖျားများကိုဖြတ်ထားပါ။
(၂)ဟင်းခပ်အနှစ်ပြုလုပ်ပါ့မယ်။ငရုပ်သီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ပဒဲကော၊စပါလင်တချောင်းပါးပါးလှီး၊နနွင်းတက်တို့ကိုရေအနည်းငယ်ဖြင့်ရောပြီးညက်ကြိတ်ပေးပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးကျန်စပါးလင်၂ချောင်ကိုထုပြီးရှောက်ရွက်ဖြင့်ရောကာဆီသပ်ပါ။
(၄)ကြိတ်ထားသောဟင်းအနှစ်ကိုထည့်ပါ။ဆီပြန်သည်ထိမွေပေးပါ။
(၅)ဆီပြန်လာပါကအုန်းနို့ထည့်ပါ။ဂဏန်းထည့်ပါ။ဂဏန်းမြုတ်သည်ထိရေထည့်ပါ။
(၅)ဆားသကြားနှင့်ဟင်းခပ်မှုန်ထည့်ပြီးရေခမ်းသည်ထိတည်ပေးပါ။မကာမကြာအိုကိုလှည့်ပေးပြီးအောက်ခြေမကပ်အောင်မွေပေးပါ။
(၆)လိုအပ်သောဟင်းအနှစ်အနေထားရပါကအရသာအပေါ့အငံမြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...