6 July 2015

ငါးပေါင်းကီဝီဆော့

Steam Fish with Kiwi Sauce
ငါးပေါင်းကိုKiwi fruit လေးနဲ့တွဲစားတာပါ ။Fresh Fruitနဲ့မို့ပုံမှန်ငါးပေါင်းနဲ့မတူဘဲတမျိုးထူးခြားစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ကကတစ် - တစ်ကောင် ၃၀ဆယ်သားခန့်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲတင်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျင်း -၃ပြား
ကီဝီသီး - တလုံး
သံပုရာရည် - တဇွန်း
သကြား - ၂ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ဦးစွာငါးကိုရေဆေးသန့်စင်ပြီးဓားဖြင့်မွန်းထားပါ။
(၂)ဟင်းခပ်မှုန့်၊ဂျင်းနှင့်ငံပြာရည်တို့ဖြင့်နှယ်၁၅မိနစ်ပြီးနှပ်ထားပါ။
(၃)ကီဝီသီးကို အခွံသင်ပြီးအတုံးသေးသေးစိတ်ကာ ၊ဆားသံပြာရည်၊သကြားတို့ဖြင့်နှယ်ထားပါ။
(၄)ငါးကိုရေနွေဆူနေသောပေါင်းအိုးတွင်၁၀မိနစ်ခန့်ပေါင်းပါ။
(၅)အသားကျက်မကျက်ကြည့်ပါ။
(၆) ငါးအသားကျက်ပါကပေါင်းအိုးမှချကာအသင့်ပြင်ထားသောကီဝီဆော့ဆမ်းပေးပြီးပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...