ပါဝင်ပစ္စည်း
******
ကကတစ် - တစ်ကောင် ၃၀သားခန့်
ဆားငံသီး -၃လုံးနှင့် အရည်၁ဇွန်း
(Super market တွင်အရည်စိမ်ထားသောပုလင်း)
ယိုးဒယားငံပြာရည် - တဇွန်း စားပွဲတင်
ဟင်းခပ်မှုန့် - အနည်းငယ်
ဂျင်း - ၃ပြား
ကြက်သွန်ဖြူချဉ် - ၂မြောင်းနှင့်အရည် တဇွန်း
(ကြက်သွန်ဖြူကို အမြောင်းလိုက် ရှလကာရည်ဖြင့်စိမ်ထားသော)
ကြက်သွန်နှီ -တလုံး
ငရုပ်ချို - အသေးတလုံး
ငရုပ်သီးစိမ်း -၂ တောင့်
သံပုရာရည် - တစ်ဇွန်း
ကြက်သွန်မိတ် -တစ်ပင်
တရုပ်နံနံ - တစ်ပင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကကတစ်တစ်ကောင်ကိုဗိုက်ဖောက်ရေဆေးသန့်စင်ပြီးဓားဖြင့်မွန်းထားပါ။
(၂)ငံပြာရည်၊ဟင်းခပ်မှုန့်၊ဆားငံသီး၂လုံးနှင့်အရည်၊ကြက်သွန်ဖြူချဉ်၂မြောင်းနှင့်အရည်တို့ကိုထည့်ပြီးငါး၏တကိုယ်လုံးကိုနှံ့အောင်နှယ်ပေးပါ ။ကြက်သွန်ဖြူနှင့်ဆားငံသီးကိုကြေအောင်ခြေပြီးနှယ်ပါ။
(၃)ဂျင်းအမျှင်လှီးထားပါ။ကြက်သွန်ကိုအမြောင်းလှီးပြီးတလွှာဆီခွာထားပါ။ငရုပ်ချိုကိုခပ်ကြီးကြီးအမြောင်းလှီးထားပါ။ငရုပ်သီးကိုထပ်ခြမးခြမ်းထားပါ။တရုပ်နံနံနှင့်ကြက်သွန်မိတ်ကိုလက်၂ဆစ်ခန့်ဖြတ်ထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကငါးပေါင်ရန်ရေနွေးအိုးတည်ပါ။ငါးကိုပေါင်းမည့်ပန်းကန်တွင်ထည့်ပြီးအပေါ်မှဆားငံသီးတလုံးအလုံးလိုက်၊ကြက်သွန်နီ၊ဂျင်း၊ငရုပ်ချို၊ငရုပ်သီးခြမ်းတို့ကိုဖြန့်ထည့်ပြီးပေါင်းခံအိုးတွင်ဆယ်မိန်ခန့်မီးပြင်းပြင်းဖြင့်ပေါင်းပါ။
(၅)ဆယ်မိနစ်ပြည့်ပါကငါးကျက်မကျက်ကြည့်ပါ။ငါးကျက်ပြီဆိုပါကထွက်လာသောအရည်တွင်သံပုရာရည်ရောပြီးနှံ့အောင်ပြန်ဆမ်းပေးပါ။အရသာအပေါ့အငံမြည်းပါ။
(၆)အရသာအနေတော်ပါကအပေါ်မှကြက်သွန်မိတ်နှင့်နံနံမိတ်ဖြူးကာ ၂မိနစ်ခန့်အနံ့မွေးအောင်ဆက်ပေါင်းပြီးပေါင်းအိုးမှထုတ်ယူကာပူပူနွေးနွေးဆားငံသီးငါးပေါင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment