6 July 2015

ယိုးဒယားသင်္ဘေားသီးမှည့်သုပ်

ယိုးဒယားသင်္ဘောသီးအမှည့်သုပ်လေးပါ။များသောအားဖြင့်အစိမ်းသာသုပ်စားကြတာများပါတယ်။ခုလိုအမှည့်သုပ်လည်းစားရတာ နူးညံ့ပြီးချိုချဉ်စပ်အရသာနဲ့စားလို့အလွန်ကောင်းပါတယ်။ပြုလုပ်ရလွယ်ကူပြီးပါဝင်ပစ္စည်းအနည်းငယ်နဲ့ဧည့်ဖိတ်၊ ညစာစားပွဲလိုမှာ appetizer တခုအနေနဲ့ပြင်ဆင်ပေးလို့ရပါတယ်။
ပါဝင်ပစ္စည်း
******
သင်္ဘောသီးမှည့် - အနေတော် တလုံး
Chilli Sauce - ၃ ဇွန်း
ယိုးဒယားငံပြာရည် - ၁ဇွန်း
ကြက်သွန်ဖြူ - တစ်မြောင်း နုတ်နုတ်စင်း
ပုဇွန်ခြောက်မှုန့် - ၂ဇွန်း
ံသံပုရာရည် - ၂ဇွန်း
ငရုပ်သီး - ၂တောင့် သေးသေးစိတ်
နံနံပင် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) သင်္ဘောသီးကိုအခွံသင်အစေ့ထုတ်ပြီးအတုံးတုံးထားပါ။
(၂)ပန်းကန်တခုတွင်ပါဝင်ပစ္စည်းအားလုံးနံနံပင်မှအပကိုရောမွေပြီးအရသာအပေါ့အငံမြည်းပါ။
(၃)အရသာသင့်တော်ပြီဆိုပါကစိတ်ထားသောသဘောသီးထည်းသို့လောင်းထည့်ကာသမအောင် သာသာမွေပေးပြီးပန်းကန်တွင်တည်ခင်းပြီးနံနံပင်ဖြင့်အလှဆင်ကာသုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...