1 July 2015

တူနားအာလူးကတ်တလိတ်

Tuna & Potato Cutlets
အာလူးကတ်တလိတ်ကိုတူနားငါးထည့်ပြီးပြုလုပ်ထားတာပါ။စားနေကျပုံစံနဲ့မတူအရသာတမျိုးထူးတဲ့တူနာအာလူးကတ်တ လိတ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
တူနားငါး - ဘူးသေးတဘူး
အာလူး - ၃၀၀ ဂရမ်
ကြက်သွန်နီ - သေးသေး တလုံး
ဂျင်း - တစ်ဇွန်း စားပွဲတင်ဇွန်း
ဆား - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငရုပ်ကောင်းမှုန့် အဖြူ - အနည်းငယ်
ပြောင်းဖူးမှုန့် /ကော်မှုန့် - ၃ဇွန်း
ပေါင်မှုန့်ခြောက် သို့ ဂျုံမှုန့် - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာအာလူးကိုရေဆေးသန့်စင်ပြီးနူးအောင်ပြုတ်ပါ။အာလူးနူးပါကအခွံသင်ကာထောင်းထားသို့မဟုတ်ကြိတ်ထားပါ။ပန်းကန်ကြီးကြီးတခုတွင်ထည့်ပါ။
(၂)ကြက်သွန်ကိုသေးသေးစိတ်ထည့်ပါ။ဂျင်းထောင်းထည့်ပါ။တူနားငါးကိုရေစစ်ပြီးလက်ဖြင့်ဖိချေပြီးထည့်ပါ။
(၃)ဆား၊ဟင်းခပ်မှုန့်၊ကော်မှုန့်၊ငရုပ်ကောင်းထည့်ပြီးသမေ အာင်မွေကာရေခဲသေတ္တာတွင်မိနစ်၃၀ခန့်ထည့်ထားပါ။
(၄)ပန်းကန်တခုတွင်ပေါင်မှုန့်ခြောက်သို့မဟုတ်ဂျုံမှုန့်ထည့် ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကဆီအိုးကိုပူအောင်တည်ထားပါ။တူနားအာလူးကိုလိုသလိုအရွယ်အလုံးလုံးပြီးလက်ဖြင့်ပြန်ဖိပေးကာပေါင်မှုန့်ခြောက်သို့မဟုတ်ဂျုံမှုန့်ကပ်ပြီးဆီပူတွင်ထည့်ကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ပြီးပူပူနွေးနွေး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...