2 July 2015

မန္တလေးပဲကြော်

အပြင်ကကြွပ်ပြီးအတွင်းကနူးညံ့နေတဲ့မန္တလေးပဲကြော်ကိုငယ်ငယ်ကတည်းကအရမ်းကြိုက်ပါတယ်။လမ်း၈၀ ၃၅x၃၆ ကြားမှာေ ရာင်းတဲ့အကြော်ဆိုင်မှာညနေ၃နာရီဆိုသွားစောင့်ပြီးဝယ်တယ်ငယ်ငယ်ကစားခဲ့ဖူးတဲ့အကြော်ပူပူမန်ကျည်းရည်ကိုဂေါ်ဖီငရုပ်သီးအချဉ်နဲ့တွဲဖက်စားရတဲ့အရသာလောက်ကောင်းတဲ့အကြော်အခုချိန်ထိပြန်ရှာမတွေ့နိုင်တော့တာအကြော်ဘဲကောင်းလို့လားငယ်ဘဝကိုဘဲအမှတ်ရနေလို့လားတော့မသိဘူးနော် :)အလွမ်းပြေလုပ်စားဖြစ်တဲ့မန္တလေးပဲကြော်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၁၅၀ ဂရမ်
Red Bean - ဘူးသေးတဘူး
( အရေစစ်ပြီး ၁၅၀ မှ ၂၀၀ ဂရမ်)
ဆန်မှုန့် - ၂ဇွန်း စားပွဲတင်ဇွန်း
ဂျင်းထောင်း - နှစ်ဇွန်း
ဆား - လ္ဘက်ဇွန်းတဝက်
ဆော်ဒါ - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့်  - တစ်ဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ပဲကိုတော့အလွယ်ရနိုင်တဲ့readymadeဘူးကိုဘဲသုံးထားပါတယ်ပဲလွန်းကိုပြုတ်ပြီးလည်းသုံးနိုင်ပါတယ်ဘူးထဲမှရေကိုသွန်ပစ်ပြီးပန်းကန်တခုတွင်ထည့်ကာချေပေးပါ။
(၂)ပြီးလျှင်ကောက်ညင်းမှုန့်၊ဆန်မှုန့်၊ဆား၊ဆော်ဒါ၊ဂျင်းေ ထာင်းတို့ကိုထည့်ပြီးသမအောင်နှယ်ပါ။လုံးလို့ရတဲ့အပျော့ အနေထားထိနှယ်ပေးပါ။
(၃)ပြီးလျှင်အရွယ်တူအလုံးလေးများလုံးပြီးလက်ဝါးပေါ်တွင်သာသာဖိပြားပေးပြီးဆီပူတွင်ကြွပ်ပြီးအရောင်ရသည်ထိကြော်ကာဆယ်ယူဆီစစ်ပြီးမန်ကျည်းအချဉ်ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...