3 July 2015

ထမင်းကြော်

 Fried Rice
ဟိုးအရင်ကတော့ဆိုင်မှာထမင်းကြော်တစ်ပွဲလို့မှာလိုက်လို့ရပေမဲ့ခုနောက်ပိုင်းတော့ထမင်းကြော်အမျိုးအစားအများကြီးဖြစ်လာလို့ဘာထမင်းကြော်ယူမှာလည်းလို့ပြန်မေးခံရမှာအမှန်ဘဲနော်အမျိုးအစားအများကြီးဖြစ်လာတာနဲ့အမျှဒီထမင်းကြော်လေးကတော့ရိုးရိုးထမင်းကြော်ဆိုတဲ့နာမည်လေးရသွားတဲ့တရုပ်ထမင်းကြော်လေးပါဘယ်တော့စားစားမရိုးတဲ့ရိုးရိုးထမင်းကြော်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ထမင်းဖြူ- တစ်ပွဲ
ကြက်သား /ပုဇွန်
ကြက်ဥ /ငုံးဥ
သီးနှံစုံ (Ready Made ) - ၁၀၀ ဂရမ်
(ဂေါ်ဖီ၊မုန်ညင်းဖြူ၊ဘိုစား၊မုန်လာဥနီ)
ကြက်သွန်ဖြူ - ၂မြောင်း
ပဲငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
ငရုဆီ - တစ်ဇွန်း
အနောက်ရည် - အနည်းငယ်
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ဟင်းခပ်မှုန့် သကြား - လ္ဘက်ဇွန်းတစ်ဇွန်း
ဆီ - ၃ဇွန်း
ရှောက်ကော/ တရုပ်မဆလာ ထည့်လိုကထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာထမင်းဖြူကိုအအေးခံထားပါ။(ထမင်းကြော်အတွက်ထမင်းကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်)
(၂)ကြက်သားသို့မဟုတ်နှစ်သက်ရာအသားပုဇွန်တို့ကိုလိုသလိုလှီးဖြတ်သန့်စင်ထားပါ။
(၃)သီးနှံတို့ကိုသေးသေးအရွယ်တူလှီးဖြတ်ထားပါ။Ready made Mix vegetable ကိုလည်းသုံးနိုင်ပါတယ်။ကြက်သွန်ဖြူကိုရိုက်ပြီးခပ်ကြမ်းကြမ်းစိတ်ထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပါ။
(၅)အိုးပူပါကဆီထည့်ပြီးကြက်ဥဖောက်ပြီးထည့်ကြော်ပါ။ပြီးလျှင်ဆယ်ယူဘေးဖယ်ထားပါ။
(၆)လက်ကျန်ဆီတွင်ကြက်သားသို့မဟုတ်ပုဇွန်ထည့်ကြော်ပါ။ပုဇွန်ကိုထည့်ကြော်ပါကကြော်ပြီးဘေးဖယ်ထားပါ။မကြေစေရန်။
(၇)အသားအရောင်ပြောင်းပြီးကျက်ပါကသီးနှံထည့်ကြော်ပါ။ကြက်သွန်ဖြူထည့်ပါ။ထမင်းဖြူထည့်ပါ။ပဲငံပြာရည်၊ခရုဆီ၊ဟင်းခပ်မှုန့်သကြား၊အနောက်ရည်၊ငရုပ်ကောင်း၊တို့ကိုထည့်ပြီးမီးပြင်းဖြင့်သမအောင်ခပ်မြန်မြန်မွေပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပါ။ပုဇွန်ကြက်ဥကြော်တို့ကိုအပေါ်မှတင်ပေးပြီးနှစ်သက်ရာကြက်သွန်ချဉ်၊ဂေါ်ဖီချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
(နှစ်သက်ကတရုပ်မဆလာအနည်းငယ်ဖြူးနိုင်ပါတယ်။)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...