3 July 2015

ရှမ်းတိုဖူးသုပ်


 Tofu Salad Shan Style
တိုဖူးကျိုနည်းကကုလားပဲကိုရေစိမ်ကြိတ်ပြီးစစ်ပြီးရေများများနဲ့ရေစိမ်အနယ်ထိုင်ပြီးလုပ်တာရှိတယ်။ပဲမှုန့်ကိုရေဖျော်ပြီးတန်းကျိုတာရှိတယ်။ပဲမှုန့်ကိုဘဲရေဖျော် စစ်ပြီးရေများများ နဲ့အနယ်ထိုင်ပြီး လုပ်တာရှိတယ်။လုပ်နည်းမတူတဲ့အပေါ်မှာတိုဖူးအသား မတူဘဲရေစိမ်အန ယ်ထိုင်လုပ်တဲ့တိုဖူးက ဂျယ်လီလေးလို ကြည်ပြီးတုန်တုန်ေ လးနေပါတယ်။ရှမ်းသုပ်သုပ်စားဖို့အဆင်ပြေပြီးအညာသု ပ်လိုသုပ်မယ်၊ကြော်စားမယ်ဆိုရင်အမှုန့်ရေဖျော်ပြီးတန်း ကျိုတာအဆင်ပြေပါတယ်။အခုလုပ်ထားတာကရှမ်းသုပ်ပုံစံမို့ကြော်စားရင်အဆင်မပြေနိုင်ပါဘူး။
ရှမ်းတိုဖူကျိုရန်
***********
(၁)ပဲမှုန့်အစိမ်းတထုပ်၂၀၀ဂရမ် ကို ရေထည့်ပြီးဖျော်ပါ။ ပြီးလျှင်အဝတ်ပါးဖြင့်စစ်ပြီးရေရှစ်လီတာလောက်ထည့်ပြီး အေးတဲ့နေရာမှာ အနည်ထိုင်ထားပါ။ပူနွေးသောနေရာထား မိလျှင်ပဲချဉ်သွားတတ်ပါတယ်။မနက်ကျိုမယ်ဆိုညကတည်း ကစိမ်ထားပါ။
(၂)အနယ်ထိုင်သွားပါကအပေါ်ယံမှအရည်ကြည်များကိုသွန်ထုတ်ပြီးအောက်ဆုံးမှ ပဲအနှစ်များကိုသာချန်ထားပါ ။
တိုဖူးကျိုနည်း
**********
(၁)ရေ ၈၀၀ml ကိုထန်းလျက်၂ လုံးဆားလ္ဘက်ဇွန်းတစ်ဇွန်း နနွင်းအနည်းငယ်ထည့်ပြီးမီးဖိုတွင်တည်ပါ။
(၂)ဆူပွက်လာပါကပဲနှစ်ရည်ကိုတဖက်မှထည့်ပြီးတဖက်ကအဆက်မပျက်မွေပေးပါ။ မီးကိုအနေတော်ဖြင့်မွေပေးပါ။ တဖြေးဖြေးပျစ်လာသည်ထိမွေပါပျစ်လာပြီးကြွက်မြီးတန်းအနေထားရပါကပဲစိမ်းနှံ့ပျောက်မပျောက်မြည်းကြည့်ကာအအေးခံမည့်ဘမ်းထည်းသို့သွန်ချပြီးအအေးခံကာလိုသလို လှီးပြီးသုပ်စားနိုင်ပါပြီ။
ရှမ်းတိုဖူးသုပ်နည်း
*************
တိုဖူးကိုမိမိနှစ်သက်သလိုလှီးထားပါ ။
ကြက်သွန်ဖြူ ဆီချက်
နှမ်းဆီချက်
 မြေပဲထောင်း
 ငရုပ်ဆီချက်
 ကြက်သွန်ဖြူ ထောင်း အရည် ဖျော်
 ကြာညို့ အချို( Sweet Soya Sauce)
 ပဲငံပြာရည် (Light Soya Sauce )
နံနံပင် တို့ကို့ထည့်ပြီးသုံးဆောင် နိုင်ပါပြီ
အချဉ်နှစ်သက်ပါက မုန်ညင်းချဉ်ရည် အနည်းငယ်ထည့်ပါ။
တိုဖူးတဝက်မုန့်တီဖတ်တဝက်ထည့်ပြီးရောသုပ်စားနိုင်ပါတယ်။ဧည့်သည်အတွက်အလှမပျက် ပွဲကြီးကြီးပြင်လို ပါကပါဝင်ပစ္စည်းအားလုံးကို နံနံပင်မှအပပန်းကန်တလုံးတွ င်ဖျော်ပြီးလှီးထားသောတိုဖူးပေါ်တွင်ဆမ်းပြီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...