3 July 2015

ပိန္နဲသီးသုပ်

ရှမ်းပြည်မှာတော့ဟင်းအဖြစ်လည်းစားကြသလို၊သားရေစာအဖြစ်လည်းညနေပိုင်းအသုပ်စုံဆိုင်တွေမှာတွဲေ၇ာင်းတတ်ပြီးစားလို့အရမ်းကောင်းတဲ့ပိန္နဲသီးသုပ်လေးပါ။ကြက်သားဟင်းနဲ့မလည်းနိုင်တဲ့ဟင်းတစ်ခွက်ပေါ့။
သုပ်စားကြည့်ရအောင်နော်။ပိန္နဲသီးနုနုကိုအခွံသင်ပြီးေ၇ဆူဆူတွင်နူးအောင်ပြုတ်ထားပါ။အချို့ဒေသများတွင်ပြုတ်ပြီးသားများအဆင်သင့်၇ရှိနိုင်ပါတယ်။
လိုအပ်သောပစ္စည်း
**********
ပိန္နဲသီးပြုတ် - တပန်းကန်စာ
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း - ၃ဇွန်း
ကြက်သွန်နီကြော် - ၂ဇွန်း
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
ပိန္နဲသီးပြုတ်ကိုအလယ်အူတိုင်ဖယ်ပြီးသေးသေးလေး စိပ်ထားပါ။သို့မဟုတ် ကြိတ်စက်ဖြင့်မညက် တညက် ကြိတ်ပါ။ ပါဝင်ပစ္စည်းအားလုံးထည့်ပြီးနယ်ပါ။ အရသာအပေါ့အငန်မြည်းကာသုံးဆောင်နိုင်ပါပြီ။ အ၇သာမှာစိမ့်စိမ့်လေးဖြစ်ပါတယ်။
ချဉ်ငံစပ်စားလိုပါကခရမ်းချဉ်သီးချက်ပိုထည့်၍သော်၎င်း၊သံပုရာရည်ဖြင့်သော်၎င်းချဉ်ငန်စပ်သုပ်စားနိုင်ပါတယ် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...