9 July 2015

ယိုးဒယားတိုဖူးဟင်း

Thai Tofu Curry

ပါဝင်ပစ္စည်း
******
ပဲပြား - လေးတုံး
အနီရောင်ဟင်းခပ်အနှစ် - ၂ ဇွန်း
ငံပြာရည် - တစ်ဇွန်း
ထန်းလျက်ရည် - တစ်ဇွန်း
မြေပဲမှုန့် - ၂ဇွန်း
အုန်းနို့ - ခွက်တဝက် (၁၂၅ml)
ခရုဆီ - တစ်ဇွန်း
(၁)ပဲပြားကိုအတုံးသေးသေးတုံးပြီးဆီပူတွင်အရောင်ရအောင်ချကြော်ပြီးဆီစစ်ထားပါ။
(၂)ဆီအိုးထည်းမှဆီကိုဖယ်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်အနီရောင်ဟင်းခပ်အနှစ်ကိုဆီသပ်ပါ။
(၃)အုန်းနို့ထည့်ပါ။ ထန်းလျက်သို့ထမ်းလျက်ရည်ထည့်ပါ။
(၄)မြေပဲဆန်ထည့်ပါ။အရသာဖြည့်စွက်ပြီးအနည်းငယ်ဆီပြန်အောင်တည်ပေးပါ။
(၅)ဆီပြန်လာပါကကြော်ထားသောပဲပြားတုံးလေးများကိုထည့်ပြီသမအောင်မွေပေးကာအနှံ့အရသာနှင့်ပြည့်စုံသောချိုစပ်မွေးပဲပြားဟင်းကိုပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...