9 July 2015

ကြက်စွပ်ပြုတ် === ဆိတ်စွပ်ပြုတ်

ပါဝင်ပစ္စည်း
******
ကြက်ရိုး သို့ ဆိတ်ရိုး - တကီလို
ကြက်သွန်နီ -၃လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲတင်ဇွန်း
ကရဝေးရွက် - ၂ရွက်
သစ်ဂျပိုးခေါက် တချောင်း
လေးညင်း - ၄စေ့
ဖာလာ - ၄စေ့
နနွင်း - တစ်ဇွန်း
ရေဆူ - လိုသလောက်
ပဲမှုန့်စိမ်း - ၁၀၀ဂရမ်
မဆလာ - အနည်းငယ်
ပျဉ်းတော်သိမ်း - တစ်ခက်
ဆီ - အနည်းငယ်
ဆား- လိုသလာက်
ဟင်းခပ်မှုန့့်  - တစ်ဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
သံပုရာသီး - လိုသလောက်
အရောင်တင်ဆီချက် - အနည်းငယ်
ငရုပ်သီးမှုန့် -လိုသလောက်
(၁) ဆိတ်ရိုးသို့ကြက်ရိုးကို ရေတနာရီခန့်စိမ်ထားပါ။
(၂)ချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ဂျင်းကြက်သွန်ဖြူ၊နနွင်း၊ကရဝေးရွက်၊သစ်ဂျပိုးခေါက်၊ဖာလာ၊လေးညင်းတို့ကိုဆီသပ်ပါ။
(၃)ရေစိမ်ထားသောအရိုးကိုဆယ်ယူပြီးထည့်ပါ။
(၄)ရေဆူလာင်းထည့်ပြီးအရသာဖြည့်စွက်ကာအရိုးနူးသည်ထိတည်ထားပါ။
(၅)အရိုးနူးပါကပဲမှုန့်စိမ်းကိုရေဖျော်ပြီးဖြည်းဖြည်းလောင်းထည့်ကာမွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းကာလိုချင်သောအပျစ်အကျဲအနေထားကိုပြုလုပ်ပြီးပဲစိမ်းနံ့ပျောက်အောင်တည်ထားပါ။
(၇)ပဲစိမ်းနံ့ပျောက်ပါကမဆာလာနှင့်ပျဉ်းတော်သိမ်းရွက်ထည့်ပြီးအဖုံးအုပ်ကာအပူပေးထားပါ။
(၈)ပွဲပြင်မည့်ပန်းကန်တွင်ထည့်ပြီးစွပ်ပြုတ်အပေါ်မှကြက်သွန်မိတ်၊ငရုပ်သီးမှုန့်သံပုရာသီးအရောင်တင်ဆီထည့်ပါ။နံပြားသို့ဂျပါတီသို့ပေါင်မုန့်ဖြင့်တွဲဖက်စားနိုင်သည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...