20 July 2015

ယိုးဒယားငါးချိုချဉ်

 Sweet & Sour Fish

ငါးချိုချဉ်ကြော်ကိုအရင်မတူတဲ့ပုံစံတမျိုးနဲ့တင်ထားပြီးသားရှိပါတယ်။အခုကြော်ထားတာကယိုးဒယားချိုချဉ်ကြော်ပုံစံလေးပါ။အရသာမတူထူးခြားတဲ့အရသာလေးမို့ချိုချိုချဉ်ချဉ်ကြိုက်သူများကြိုက်သူများအတွက်လွယ်ကူတဲ့ ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
နှစ်သက်ရာငါး -  ၂ကောင် (၂၀ဆယ်သားခန့်)
ကော်မှုန့် /ပြောင်းဖူးမှုန့် - ၃ဇွန်း စားပွဲဇွန်း
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ချယ်ရီခ၇မ်းချဉ်သီး - ၁၀လုံး
ခရမ်းချဉ်သီးအနှစ် - နှစ်ဇွန်း
Apple cider - နှစ်ဇွန်း ( ရှလကာ၇ည်၊သံပုရာသီး)
သကြား - နှစ်ဇွန်း
ယိုးဒယားငံပြာရည် - တစ်ဇွန်း
ရေ - အနည်းငယ်
ကြက်သွန်မိတ် /နံနံမိတ် အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ငါးကိုေ၇ဆေးသန့်စင်ပြီးရေစစ်ထားပါ။ကော်မှုန့် ၂ဇွန်းဖြင့် ငါးကိုတကိုယ်လုံးနှံ့အောင်လူးပေးပါ။
(၂)ကြက်သွန်နီ ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကိုပါးပါးစိတ်ထားပါ။
(၃)အိုးထည်းတွင်ဆီထည့်ပြီးအပူပေးကာကော်မှုန့်လူးထားသောငါးကိုအေ၇ာင်အနည်းငယ်ရသည်ထိနှစ်ဖက်လှန်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)ငါးကြော်သည့်အိုးထဲမှဆီများပိုဖယ်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကိုဆီသပ်ပါ။
(၅)အရောင်ရလာပါကခ၇မ်းချဉ်သီးအလုံးလိုက်လေးများကိုထည့်ကြော်ပါ။
(၆)ခရမ်းချဉ်သီးလေးများပွင့်သွားပါကခ၇မ်းချဉ်သီးဆော့စ်၊apple cider(သို့)သံပုရာ၇ည်၊သကြား၊ငံပြာရည်တို့ပးကိုထည့်ပြီးမွေပေးပါ။
(၇)လက်ကျန်ကော်မှုန့်တစ်ဇွန်းကိုေ၇အနည်းငယ်ဖြင့်ဖျော်ပြီးဟင်းအိုးထဲထည့်ကာခပ်ပျစ်ပျစ်အနေထားရအောင်မွေပေးပါ။
(၈)အရသာအပေါ့အငံမြည်းကာဆီစစ်ထားသောငါးကိုပန်းကန်တွင်တည်ခင်းပြီးအပေါ်မှချက်ထားသော ဆော့စ်များလောင်းပေးကာ ကြက်သွန်မိတ်၊နံနံပင်တို့ဖြင့်အလှဆင်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...