16 July 2015

ခရမ်းကဆော့သီးပဲပုတ်ချက်

ဆိုဖီယာငယ်ငယ်ကရှမ်းပြည်မှာခရမ်းကဆော့သီးတွေအလေ့ကျပေါက်တာလာခူးကြတာတွေ့တော့ခူးပြီးဘာလုပ်တာလည်းလို့မေးကြည့်ဖူးတယ်။ကိုယ်တွေကခူးခူးပြီးဆော့တယ်လေ
စား၇ကောင်းမှန်းလည်းမသိဘူး :-)  ခုတော့အ၇မ်းကြိုက်တဲ့ဟင်းတခွက်ပေါ့
ကိုယ်တိုင်လုပ်ပဲပုတ်လေးနဲ့တွဲချက်ထားပါတယ်။
ပါဝင်ပစ္စည်း
*******
ခရမ်းကဆော့သီး - ၃၀၀ ဂရမ်
ခ၇မ်းချဉ်သီး - နှစ်လုံး
ကြက်သွန်နီ - တစ်လုံး
ပဲပုတ် -သုံးချပ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်ဇွန်း
အေ၇ာင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
င၇ုပ်သီးစိမ်း - အနည်းငယ်
နံနံပင် - အနည်းငယ်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာခ၇မ်းကဆော့သီးကိုေ၇ဆေးသန့်စင်ပြီးေ၇ဆူဆူတွင်ငါးမိနစ်ခန့်ပြုတ်ပြီးအညှာချွေကာလုံးခြမ်းကွဲထောင်းထားပါ။ကြက်သွန်နီပါးပါးစိတ်၊ခ၇မ်းချဉ်သီးသေးသေးစိတ်ထားပါ။ပဲပုတ်ကိုေ၇စိမ်သို့မီးကင်ပြီးထောင်းထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ ၊ဂျင်းကြက်သွန်ဖြူဆီသပ်ပါ။အေ၇ာင်တင်ထည့်ပါ။
(၃)ကြက်သွန်အေ၇ာင်၇ပါက ပဲပုတ်ထည့်ပြီးမွေးလာသည်ထိကြော်ပါ။
ခ၇မ်းချဉ်သီးထည့်ပါ။အ၇သာဖြည့်စွက်ပြီးအနှစ်ကျသည်ထိချက်ပါ။
(၄)အနှစ်ကျပါကထောင်းထားသောခ၇မ်းကဆော့သီးထည့်ပါ။ေ၇အနည်းငယ်ထည့်ပြီးဆီပြန်လာသည်ထိတည်ပေးပါ။
(၅)ဆီပြန်ပါကအ၇သာအပေါ့အငံမြည်းကာ င၇ုပ်သီးစိမ်းနံနံပင်အုပ်ပြီးတည်ခင်းသုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...