19 July 2015

ပန်းသီးထောင်း

Thai Green Apple Salad

ပန်းသီးစိမ်းကိုမနေ့ကချိုချဉ်စပ်ဟင်းလေးနဲ့တွဲစားတာစားလို့ကောင်းလို့ဒီနေ့သင်္ဘောသီးထောင်းပုံစံ လုပ်စားဖြစ်တာလေးပါ။ ထူးခြားတဲ့ အရသာလေးနဲ့ချိုချဉ်စပ်ကြိုက်သူများနှစ်သက်ကြမယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
*******
ပန်းသီးစိမ်း -၂လုံး
မုန်လာဥနီ - အနည်းငယ်
ကြက်သွန်ဖြူ - ၂ မြောင်း
ငရုပ်စိမ်း - ငါးတောင့်
ထန်းလျက် -၂လုံး
ပဲတောင့်ရှည် - ၂ တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
ငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း
သံပုရာရည် - ၂ဇွန်း
ပုဇွန်ခြောက် - ၂ဇွန်း
မြေပဲဆန် - ၂ဇွန်း
တွဲဖက်ပေးရန်
*******
ဂေါ်ဖီ
ပဲတောင့်ရှည်
ကန်စွန်းရိုးအနီ
ပြင်ဆင်ပြုလုပ်နည်း
*********
(၁)ပန်းသီးစိမ်းကိုအခွံသင်ပြီးအချောင်းလေးများစိတ်ကာေ၇ခဲေ၇ဖြင့်စိမ်ထားပါ။မုန်လာဥနီရောခြစ်ပြီးရေစိမ်ထားပါ။
(၂)ပြီးလျှင်၂မျိုးလုံးရေစစ်ထားပါ။
(၃)ပဲတောင့်ရှည်ကို၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။
(၄)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ၊ ငရုပ်သီး ထည့်ထောင်းပါ။
(၅)ထန်းလျက်ထည့်ထောင်းပါ။ပဲတောင့်ရှည်တဝက်ထည့်ထောင်းပါ။
(၆)မြေပဲလှော်ထည့်ပါ။လုံးခြမ်းကွဲအနေထောင်းပါ။
(၇)ပုဇွန်ခြောက်၊ခရမ်းချဉ်သီးထည့်ပြီးနွမ်းရုံလောက်ထောင်းပါ။
(၈)သံပရာရည်နှင့်ငံပြာရည်ထည့်ပါ။အရသာအပေါ့အငံမြည်းပါ။
(၉)ရေစစ်ထားသောပန်းသီး၊မုန်လာဥကိုထည့်ပြီးသမအောင် မွေပေးပါ။
(၁၀)အရသာချိုချဉ်စပ်ရပါပန်းကန်တွင် ဂေါ်ဖီ ၊ ပဲတောင့်ရှည်၊ ကန်စွန်းရိုးနီ(ရှိလျှင်)တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...