စားဖူးသမျှဆီပြန်ဟင်းထဲကအရသာအရှိဆုံးဟင်းလေးပါ။ဆီပြန်ဟင်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးချက်စားကြတဲ့ထဲကမလေးရှားကပုံစံတမျိုးနဲချက်ကြည့်ရအောင်နော်။ဒီRendangက BABA NYONYA Traditionalဟင်းဖြစ်ပြီးစင်္ကာပူမှာ တော့နာမည်ကြီးလူကြိုက်များတဲ့ဟင်းတခွက်ဖြစ်ပါတယ်။အမဲသား၊ကြက်သား၊ဆိတ်သားတို့ကိုအများဆုံးချက်ကြပါတယ်။ခုငါးဥကို Rendangဟင်းအနှစ်နဲ့တွဲချက်ထားတာလေးပါ။
ဟင်းချက်အနှစ်အတွက်လိုအပ်သောပစ္စည်းများ
*************************
ကြက်သွန်နီ - ၃၀၀ ဂရမ်
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးခြောက် - ၁၀၀ ဂရမ်
ဂျင်း - လက်တစ်ဆစ် ၂၅ ဂရမ်
ပဒဲကော - လက်နှစ်ဆစ် ၂၅ ဂရမ်
စပါးလင် - ၂ချောင်း
္နနနွင်းတက် - လက်တဆစ် ၁၀ ဂရမ်
ငရုပ်ကောင်း တစ်ဇွန်း
နံနံစေ့ - ၂ဇွန်း
ရေ - ၃၅၀ ml
ပြုလုပ်နည်း
*******
(၁)ဦးစွာငရုပ်သီးခြောက်ကိုရေနွေးဖြင့်စိမ်ထားပါ။
(၂)ကြက်သွန်နီ၊ဂျင်း၊ပဒဲကော၊စပါးလင်၊နနွင်းတက်တို့ကိုပါးပါးလှီးထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ထည့်ပြီးကြိတ်ပါ။ရေကိုဖြည်းဖြည်းဆီထည့်ကြိတ်ပါ။
(၄)ငရုပ်သီးနှင့်ပါဝင်ပစ္စည်းအားလုံးညက်ပါကဘူးတခုတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားပြီးလိုသလောက်အသုံးပြုနိုင်ပါတယ်။
(၅)ကြိတ်ထွက်လာသောငရုပ်သီးအနှစ်အချိုးသည်(ကြက်သား ၊ငါး၊ဆိတ်သား၊အမဲသား) ၆ကီလိုစာချက်လို့ရပါတယ်။Rendang အနှစ်ကိုကြိတ်ထားပြီးတခါချက်စာအထုပ်လေးများပြုလုပ်ကာအအေးခန်းတွင်ခဲထားပြီးကြာရှည်သိမ်းဆည်းထားနိုင်ပါတယ်။
Rendang ချက်ရန်လိုအပ်သောပစ္စည်း
***********************
ကြက်သား သို့ ဆိတ်သား သို့ အမဲသား သို့ ငါး - ၁ကီလို
ငရုပ်သီးအနှစ် - ၁၅၀ ဂရမ်
စပါးလင် - တစ်ချောင်း ဖြတ်ပြီးထုထား
ရှောက်ခါးရွက် - ၂ရွက်
သစ်ဂျပိုးခေါက် - တစ်ချောင်း
ဆီ - ၁၀၀ ဂရမ်
အုန်းသီးကြော် - ၃၅ ဂရမ်
အုန်းနို့ခရင်မ် - ၇၀ ml
ရေ - ၁၅၀ ml
ဆား - တစ်ဇွန်း (၁၀ ဂရမ်)
သကြား - ၃ဇွန်း (၃၅ ဂရမ်)
ဟင်းခပ်မှုန့် - တစ်ဇွန်း ( ၇ ဂရမ် )
မန်ကျည်းမှည့် - ၂၀ ဂရမ်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဦးစွာပထမငါးဥကိုသန့်စင်ရေစစ်ထားပါ။
(၂)ဆားနှင့်ဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။ နနွင်းအနည်းငယ်ဖြင့်ပြုတ်ထားနိုင်ပါတယ်။
(၃)ဒယ်အိုးတခုတွင်ဆီထည့်ပြီးထုထားသောစပါးလင်၊သစ်ဂျပိုးခေါက်၊ရှောက်ရွက်ထည့်ပြီးဆီသပ်ပါ။
(၄)ငရုပ်သီးအနှစ်ကိုထည့်ပြီးငရုပ်သီးအနှစ်ဆီပြန်လာသည်ထိချက်ပါ။
(၅)အုန်းနို့၊အုန်းသီးကြော်၊ရေ၊မန်ကျည်းနှစ်၊သကြားတိုကိုထည့်ပြီးတည်ထားပါ။မကြာခဏအိုးမကပ်အောင်မွေပေးပါ။
(၆)ရေခမ်းပြီးအနှစ်ကျဆီပြန်လာပါကအသင့်ပြုတ်ပြီးသားငါးဥကို ထည့်ပြီးဆူပွက်အောင်တည်ပါ။အ၇သာအပေါ့အငံမြည်းပြီး တည် ခင်းသုံးဆောင်နိုင်ပါပြီ။အရသာမှာချိုချိုစပ်စပ်စပ်ဖြင့်မွေးကြိုင်နေမှာဖြစ်ပါတယ်။
**** အုန်းသီးကြော်မှာအုန်းသီးစိမ်းကိုထောင်းပြီးဆီထွက်အောင်ကြော်ထားခြင်းဖြစ်ပါတယ်။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment