9 July 2015

ထိုင်းအာလူးချဉ်စပ်ဟင်းချို

ယိုးဒယားတုံယမ်းဟင်းချိုဆိုရင်တော့လူတိုင်းသိကြပါတယ်။တခြား မတူတဲ့ဟင်းချိုတွေထဲကယိုးဒယားအာလူးချဉ်စပ်ဟင်းချိုလေးက လည်းလုပ်ရလွယ်ကူပြီးချဉ်ချဉ်စပ်စပ်ထမင်းမမြိန်စေမဲ့ဟင်းချိုတခွက်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
အာလူး - ၃လုံး
ကြက်သား သို့ ပုဇွန် - ၁၅၀ ဂရမ်
ကြက်သွန်နီ -၂လုံး
ခရမ်းချဉ်သီး - တစ်လုံး
စပါးလင် - တစ်ချောင်း
ပဒဲကော - ၅ပြား
ရှောက်ခါးရွက် - ၃ရွက်
တုံယမ်းအနှစ် - တစ်ခြမ်း
ကြက်ပြုတ်ရည် သို့ ရေ - တစ်လီတာ
ငံပြာရည် - ၃ဇွန်း စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
သကြား - တစ်ဇွန်း
သံပုရာရည် - ၃ ဇွန်း
ငရုပ်သီးစိမ်း -၅ တောင့်
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)အာလူးကိုအခွံသင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၂)ကြက်သားသို့ပုဇွန်လှီးဖြတ်သန့်စင်ထားပါ။
(၃)ကြက်သွန်နီ အတုံးကြီးကြီးလှီးထားပါ။အာလူးနှင့်ဆိုဒ်တူ
(၄)ခရမ်းချဉ်သီးအမြောင်းကြီးကြီးလှီးထားပါ။
(၅)စပါးလင်ကိုအနည်းငယ်ထုပြီးတဝက်ဖြတ်ထားပါ။ပဒဲကောနှင့်ရှောက်ရွက်အသင့်ပြင်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။
(၆)အားလုံးအဆင်သင့်ပါကကြက်ပြုတ်ရည်သို့ရေတလီတာကိုအိုး တွင်ထည့်ပါ။
(၇)ပါဝင်ပစ္စည်းများမှအာလူး၊ကြက်သား၊ကြက်သွန်၊စပါးလင်၊ရှောက်ရွက်၊ပဒဲကောတို့ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။ပုဇွန်ထည့်လိုကနောက်ဆုံးချခါနီးမှထည့်ပါ။
(၈)ဆူပွက်လာပါကတုံယမ်းအနှစ်၊ငံပြာရည်၊ဟင်းခပ်မှုန့်၊သကြားတို့ ကိုထည့်ပြီးမီးအနည်းငယ်ဖြင့်အာလူးနူးအောင်တည်ပါ။
(၉)အာလူးနူပါကခရမ်းချဉ်သီး၊ငရုပ်သီး၊သံပုရာရည်ထည့်ပါ။ပုဇွန်ကိုထည့်လိုကထည့်နိုင်ပါပြီ။
(၁၀)ထပ်မံဆူပွက်စေပြီးမီးဖိုမှချကာနံနံပင်အုပ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ ။
မှတ်ချက် ။ သံပုရာသီးနှင့်ငရုပ်သီးကိုမီးဖိုမှ ချခါနီးမှသာထည့်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...