1 July 2015

ယိုးဒယားအဏ္ဏဝါထောပတ်သီးသုပ်

 Seafood Salad with Avogado
ပါဝင်ပစ္စည်း
******
ပုဇွန် - ဆယ်ကောင်
ပြည်ကြီးငါး -နှစ်ကောင်
ငါးအသား - ၁/၂ခွက်
ခရမ်းချဉ်သီး - တစ်လုံး
ထောပတ်သီး - တစ်လုံး
ကြက်သွန်- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ကြက်သွန်ဖြူ - တစ်မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ယိုးဒယားငံပြာရည် - တဇွန်း (စားပွဲတင်ဇွန်း)
သံပုရာရည် - နှစ်ဇွန်း
ချီလီဆော့ - နှစ်ဇွန်း
သကြား - တဇွန်း (လ္ဘက်ဇွန်း)
ဟင်းခပ်မှုန့် - တဇွန်း (လ္ဘက်ဇွန်း)
(၁)ပုဇွန်ကိုအခွံခွာကျောခွဲသန့်စင်ထားပါ။ (၂)ပြည်ကြီးငါးကိုလည်းရေဆေးသန့်စင်ကာလိုသလိုလှီးဖြတ်ထားပါ။ (၃)ငါးအသားထွင်ပြီးလှီးဖြတ်ထားပါ။
(၄)အိုးတခုတွင်ရေဆူတည်ထားပြီးပွက်ပွက်ဆူပါကသံပုရာသီးတစိတ်ညစ်ထည့်ပြီးပုဇွန်၊ပြည်ကြီးငါးနှင့်ငါးအသားတို့ကိုချပြီးတမိနစ်ခန့်ရေနွေးဖျောကာဆယ်ယူရေစစ်ထားပါ။ (၅)ကျန်ပါဝင်ပစ္စည်းများမှကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တ ဆစ်ခန့်ဖြတ်ထားပါ။ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနှင့်ငရုပ်သီးကိုသေးသေးစိပ်ထားပါ။ ခရမ်းချဉ်သီး အမြောင်းခပ်ထူထူလှီးထားပါ။ထောပတ်သီးကိုအခွံခွားပြီးခပ်ကြီးကြီးတုံးကာသံပုရာအနည်းငယ်ဆမ်းထားပါ။(အရောင်မပြောင်းစေရန်)
(၆)အားလုံးပြင်ဆင်လှီးဖြတ်ပြီးပါကဇလုံတခုတွင်ပါဝင်ပစ္စည်းအားလုံး(ထောပတ်သီးမှအပ)ထည့်ပြီးငံပြာရည်၊သကြား၊သံပုရာရည်၊ဟင်းခပ်မှုန့်၊ချီလီဆော့တို့ထည့်ပြီးသမအောင်မွေပါ။
(၇)အရသာမြည်းကာချိုချဉ်ငံစပ်အရသာရပါကထောပတ်သီးထည့်ပြီးသာသာလေးမွေကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။။seafoodကိုမိမိနှစ်သက်ရာထည့်နိုင်ပါတယ်။ထောပတ်သီးအစားသခွားသီးဖြင့်လည်းသုပ်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...