မြန်မာအချိုပွဲတမျိုးဖြစ်တဲ့ကရေကရာကိုလူတိုင်းသိပြီးသားဖြစ်မှာပါ။အထူးသဖြင့်ကလေးဘဝမှာစားခဲ့ရတာများပါတ ယ်။ဆိုဖီယာကတော့မန္တလေးပြန်ချိန်ကလွဲရင်တကူးတက ရှာပြီးမဝယ်စားဖြစ်ဘူး။သန့်ရှင်းလတ်ဆပ်ပြီးဆေးသကြား ကင်းတဲ့ကရေကရာလေးကိုအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမုန့် - ၂၀၀ ဂရမ်
အုန်းနို့ - ၁၅၀ ml
သကြား - ၁၅၀ ဂရမ်
ဆား - အနည်းငယ်
အုန်းသီးဖတ် - ၂၀၀ ဂရမ် ( ထမင်းစားပန်းကန်၂လုံး )
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာကောက်ညင်းမုန့်ကိုလှော်ပေးပါ။အရောင်အနည်းငယ်ညိုအောင်လှော်ပြီးအအေးခံထားပါ။
(၂)အိုးတခုတွင်အုန်းနို့၊သကြား ၁၀၀ ဂရမ်(၅၀ဂရမ်ချန်ထားပါ)၊ဆားအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်ကျိုပေးပါ။
(၃)သကြားပျော်ပါကခြစ်ထားသောအုန်းသီးဆံထည့်ပြီးဆူပွ က်အောင်တည်ပါ။
(၄)ဆူပွက်ပါက၂မိနစ်ခန့်တည်ထားပြီးမီးကိုအသေးဆုံးလျော့ချကာဆန်မှုန့်၁၅၀ဂရမ်ထည့်ပါ။(၅၀ဂရမ်ချန်ထားပါ)
(၅)ဆန်မှုန့်ထည့်ပြီးအုန်းနို့အုန်းသီးတို့ကိုသမအောင်အဆ က်မပျက်မွေပေးပါ။
(၆)တဖြေးဖြေးပျစ်ခဲလာပါကမီးပိတ်ပြီး၅မိနစ်ခန့်အအေးခံ ကာချန်ထားသောသကြား၅၀ဂရမ်ကိုထည့်ပြီးမွေပေးပါ။
(၇)ဘမ်းတခုအောက်ခြေတွင်ချန်ထားသောဆန်လှော်မှုန့်တဝက်ဖြူးပါ။ပြီးလျှင်အပေါ်မှကျိုထားသည့်အရောကိုထည့်ပါ။မျက်နှာပြင်ညီအောင်ဖိပြီးညိ၍အပေါ်မှဆန်မုန့်တဝက်ဖြူးပြီးအအေးခံကာလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
26 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment