19 June 2015

Tuna Open Sandwich

ကလေးအကြိုက်လေးဖြစ်အောင်လုပ်ထားတဲ့OpenSandwichလေးပါ။
လိုအပ်သောပစ္စည်း
**********
ပေါင်မုန့် - လေးချပ်
Tuna - နှစ်ဇွန်း (တခြားနှစ်သက်ရာအစားထိုးနိုင်)
cheese - နှစ်ဇွန်း
မရောနစ် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
အပေါ်မှ ပုံဖော်ရန် ကြက်ဥ၁လုံး၊ဆလပ်ရွက်၊သံလွင်သီးအမဲ၊ခရမ်းချဉ်သီး တလုံး
ပြင်ဆင်ပြုလုပ်နည်း
**********
ပေါင်မုန့်ကို အဝိုင်းဖြတ်ထားပါ။ ပန်းကန်တခုတွင် Tuna ၊မရောနစ်၊ချိစ်၊ငရုပ်ကောင်းတို့နယ်ပြီးပေါင်မုန့်ပေါ်တင်ပါ အပေါ်မှ ချိစ်အနည်းငယ်ဖြူးကာ ovenတွင်ခဏကင်ပါ။ မကင်လည်းရပါတယ်။ ပြီးလျှင်ပန်းကန်တွင် ပုံထည်းကအတိုင်းပြင်ဆင်ပြီးပါကသားသားမီးမီးအတွက် ချစ်စဖွယ်မနက်ခင်းစာOpen sandwich လေးရပါပြီနော်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...