19 June 2015

Snow Ball

( အသားပေါင်း )
ခရစ်စမတ်အတွက်အသားပေါင်းကိုSnow ballပုံစံပြုလုပ်ပြင် ဆင်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သား - ၁၅၀ ဂရမ်
ပုဇွန်  - ဆယ်ကောင်
ရှီတာခီမှို - တပွင့်
မုန်လာဥနီ - အနည်းငယ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်ဥ - တလုံး
နှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ကော်မှုန့် - တစ်ဇွန်း
ကျောက်ပွင့် - လက်တဆုပ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်သားနှင့်ပုဇွန်ကိုနုတ်နုတ်စင်းပါ။
(၂)မုန်လာဥနှင့်မှိုကိုလည်းစင်းထားပါ။ကျောက်ပွင့်ကိုရေစိမ်ထားပါ။
(၃)ပန်းကန်တခုတွင်ပါဝင်ပစ္စည်းများအားလုံးကျောက်ပွင့်နှင့်ကြက်ဥအကာမှအပအားလုံးကိုရောပြီးနှယ်ထားပါ။
(၄)ပြီးလျှင် နှပ်ထားသောအသားကိုအလုံးလေးများလုပ်ပြီးကျောက်ပွင့်အဖတ်လေးများဖြင့်ကပ်ပြီးထုပ်ပေးပါ။
(၅)ထုပ်ပြီးသားအသားလုံးလေးများကို ပေါင်းမည့်ပန်းကန်တွင်စီထည့်ပေးပါ။
(၆)ပေါင်းအိုးတွင်ရေထည့်တည်ပြီးဆူပွက်လာပါကအသားလုံးပန်းကန်ထည်ပြီး ၁၅မိနစ်ခန့်ပေါင်းပါ။
(၇) အသားကျက်ပါကဖယ်ထုတ်ပြီး ထွက်လာသောအသားပေါင်းအ ရည်ကိုအိုးတခုတွင်ထည့်တည်ပါ။အရည်နည်းနေပါကရေအနည်းငယ်ရောပြီးအရသာထပ်ဖြည့်ပေးပါ။
(၈)ကြက်ဥအကာကိုခေါက်ပြီး၎င်းဟင်းရည်ပွက်ပါကဖြည်းဖြည်းဆီလောင်းထည့်ပြီးမွေပေးပါ။ နှစ်သက်ပါကကော်ရည်အနည်းငယ်ထည့်နိုင်သည်။
(၉)ဆူပွက်လာသောကြက်ဥအကာဟင်းအရည်ကိုအသားပေါင်းအပေါ်မှဆမ်းပေးပြီးsnow ball ဖြင့်တူသောအသားပေါင်းလေးကိုသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...